Wednesday, August 15, 2012

နှစ်နိုင်ငံကြား အထူးစီးပွားရေး ဇုန်များ ဖွံ့ဖြိုးရေး ဆွေးနွေးရန် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ တရုတ်သို့ ထွက်ခွာ


(ပြုံးယမ်း သြဂုတ် ၁၄)
မြောက် ကိုရီးယား နှင့် တရုတ် နိုင်ငံ တို့ကြား အထူး စီးပွားရေး ဇုန်နှစ်ခု ဖွံ့ဖြိုး တိုးတက် လာရေးနှင့် ပတ်သက်၍ ဆွေးနွေး မှုများ ပြုလုပ်ရန် မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ၏ ဦးလေး ဖြစ်သူ ဂျန်ဆောင်ထက် သည် ကိုယ်စားလှယ်
အဖွဲ့တစ်ဖွဲ့ကို  ဦးဆောင်၍  တရုတ် နိုင်ငံသို့ သြဂုတ် ၁၃ ရက်က ထွက်ခွာသွား ခဲ့ကြောင်း မြောက် ကိုရီးယား ပြည်တွင်း သတင်း မီဒီယာ တစ်ခုက  ပြောကြား ခဲ့သည်။
ဂျန်ဆောင် ထက်သည် ယခင် ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၏ ညီမဖြစ်သူ ကင်ကျုံဟွေ ၏ ခင်ပွန်း ဖြစ်ပြီး မြောက် ကိုရီးယား နိုင်ငံ၏ အမျိုးသား ကာကွယ်ရေး အဖွဲ့၏  ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ် သည်။
မြောက် ကိုရီးယားနှင့် တရုတ် နိုင်ငံတို့ သည် နှစ်နိုင်ငံ နယ်စပ် အဖြစ်သတ်မှတ် ထားသော ယာလူး မြစ်ဝရှိ ကျွန်းနှစ် ကျွန်းပေါ်တွင် ဟွမ်ဂမ်ပြုန် စီးပွားရေး ဇုန်နှင့် ဝီဝါဒို စီးပွားရေး ဇုန်များ ဖွံ့ဖြိုးတိုး တက်လာရေး အတွက် ပူးပေါင်းဆောင် ရွက်လျက် ရှိသည်ဟု သိရသည်။

No comments:

Post a Comment