Wednesday, August 15, 2012

ဒုသမ္မတကျမ်းကျိန်ပြီးနောက် လွှတ်တော်နှစ်ရပ်လုံး ပုံမှန်အစည်း အဝေးပြုလုပ်




ယနေ့ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်ဒုသမ္မတအား ရွေးချယ်ကာကျမ်းကျိန်ပြီးသည့်နောက် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို
ပုံမှန်အတိုင်းဆက်လက်ကျင်းပနေပြီဖြစ်သည်။ ပြည်သူ့လွှတ်တော် တွင် ဦးကိုကြီး (အောင်မြေသာစံမဲဆန္ဒနယ်)မှ တောင်သူလယ်သမားများအား တစ်ဧကလျင် ချေးငွေ ကျပ်တစ်သိန်း ထုတ်ပေးရန် ရှိမရှိမေးခွန်းကို ပြည်ထောင်စု အဆင့်မှ ပြန်လည် ဖြေကြားရမည့်ကိစ္စ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း အားတစ်ပိုဒ်ချင်းစီ ဆွေးနွေးပြီး အတည်ပြုရန် ပြည်သူ့လွှတ်တော် က အဆုံးဖြတ်ယူမည့်ကိစ္စ၊ အမျိုးသားလွှတ်တော် မှ အတည်ပြုပေးပို့လာသော ဥပဒေကြမ်းနှစ်ခု ကို လက်ခံရရှိကြောင်း အသိပေးခြင်း ကိစ္စ နှင့် ဦးသိန်းညွန့်တင်သွင်းထားသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူဒပြောင်းရေးကာလတွင် နိုင်ငံတော် သမ္မတ က အရပ်ဘက်လူ့ အဖွဲ့ အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက် ရန်မိန့်ကြားခဲ့သောကြောင့်(NGO)များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရန် လွှတ်တော်မှ တိုပ်တွန်းကြောင်း အဆိုကို ပါတီစုံမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ဆွေးနွေးကာ ပြည်ထောင်စု အဖွဲ့က ပြန်လည်ရှင်းလင်းရွေ့ လွှတ်တော် မှ အဆုံးအဖြတ်ရယူသွားမည် ဖြစ်သည်။

No comments:

Post a Comment