Wednesday, August 15, 2012

ဗင္နီဇဲြလားက အေ မရိကန္ က်ဴးေ က်ာ္တို က်ခိုက် လာပါက ခုခံရန် ပြောက် ကျားတပ်ဖွဲ့များ ဖွဲ့စ ည်းရန်ရှိ ဟုဆို



ဗင်နီဇွဲလားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကျူးကျော်ဝင်ရောက်လာပါက ခုခံရန်အတွက် အင်အား တောင့်တင်းသည့် ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့အား လေ့ကျင့်ပေးလျက်ရှိပြီး ၂ဝ၁၃ ခုနှစ်တွင်
တပ်ဖွဲ့ဝင် ၁ သန်း လေ့ကျင့်ထားရန် ရည်ရွယ်ထားကြောင်း အတိုက်အခံ အမတ်တစ်ဦးမှ သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အမျိုးသားစစ်တပ် လက်အောက်ခံ အဖွဲ့တစ်ဖွဲ့မှ ထုတ်ပြန်ထားသည့် ၄င်းအစီအစဉ်၏ မိတ္တူတစ်စုံအား သူမအနေဖြင့် ရရှိထားကြောင်း ယခင် သမ္မတလောင်း တစ်ဦးဖြစ်သူ ကိုယ်စားလှယ် Maria Corina Machado က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အမေရိကန်၊ သို့မဟုတ် အခြားနိုင်ငံများ၏ ကျူးကျော်မှုအား ဆန့်ကျင်သည့် ပြည်သူ့စစ်တွင် ဗင်နီဇွဲလားနိုင်ငံ အားအောင်မြင်မှု ရရှိစေမည့် ဘိုလီးဗီးယားစစ် အခြေခံသဘော တရားသစ်တည်ဆောက်ရေး မဟာဗျူဟာ မြောက်ရည်မှန်းချက် ပင်ဖြစ်ကြောင်း Machado က ပြောကြားခဲ့ပါသည်။ ၄င်းသည် ကျူးဘားနိုင်ငံ၏ တိုက်တွန်းအကြံပေးမှုဖြင့် ရေးဆွဲထားသော ရှင်းလင်းသည့် စီမံချက်
တစ်စောင်ပင် ဖြစ်ပါသည်။
အဆိုပါစစ်ရေး စီမံချက်သည် အမြဲတမ်းတပ်မတော်အား အင်အားကောင်းသည့် ပြောက်ကျားတပ်ဖွဲ့ များဖြင့် အင်အားဖြည့်တင်း အထောက်အကူပြုမည့် အစီအစဉ်ဖြစ်ကြောင်း ၄င်းမှပြောကြားခဲ့ပါသည်။ ၄င်းစီမံချက်သည် နိုင်ငံတစ်ဝန်း လွှမ်းခြုံကာကွယ်နိုင်ရေး လိုအပ်သည့် အင်အားရရှိ စေရန်အတွက် ၂ဝ၁၃ ခုနှစ်တွင် တပ်ဖွဲ့ဝင် ၁ သန်းရရှိရေးနှင့် ၂ဝ၁၉ ခုနှစ်တွင် တပ်ဖွဲ့ဝင် ၂ သန်းရှိစေရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း Machado က ပြောကြားခဲ့ပါသည်။ ဖြစ်နိုင်ဖွယ်ရှိသော နယ်ချဲ့တို့၏ ကျူးကျော်မှုများအား ကာကွယ်ရန်အတွက် ၂ဝဝ၅ ခုနှစ်မှစ၍ ဗင်နီဇွဲလားပြည်သူ့စစ် တပ်ဖွဲ့များအား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ၄င်းတို့သည် စစ်တပ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ် သော်လည်း သမ္မတထံသို့ တိုက်ရိုက်တင်ပြ ဆောင်ရွက်ခွင့်ရှိပါသည်။ အသက် ၅၈ နှစ်အရွယ် ချာဗက်ဇ်သည် အမေရိကန်နိုင်ငံအား မကြာခဏ ပြစ်တင်ဝေဖန်လေ့ရှိသူ ဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် ဗင်နီဇွဲလားနိုင်ငံ တို့၏ဆက်ဆံရေးမှာ လွန်ခဲ့သော နှစ်များအတွင်း ဆိုးရွားခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ သံအမတ်ကြီးများအား အပြန်အလှန် ထားရှိခြင်း မရှိပေ။ ၁၉၉၉ ခုနှစ်တွင် အာဏာရရှိခဲ့သော ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည် ကင်ဆာ ရောဂါအား ၁ နှစ်ခန့်ကုသခဲ့ ရပြီးနောက် အောက်တိုဘာလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရရန် ကြိုးပမ်းလျက်ရှိပါသည်။ ၄င်းသည် အမေရိကန်နိုင်ငံ၏ နယ်ချဲ့ဝါဒအား ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်နိုင်ငံသည် ၄င်း၏အစိုးရအဖွဲ့ ပြိုကွဲရေးအား ကြိုးပမ်းလျက်ရှိသည်ဟု စွပ်စွဲပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment