Wednesday, August 15, 2012

စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများအတွင်း ကားများပိတ်ဆို့ရပ်ထားသဖြင့် စက်ဘီး ဆိုင်ကယ်စီးသူများ အခက်တွေ့နေကြ



၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်း အတွင်း မော်တော်ယာဉ်များ ဝင်ရောက် ပိတ်ဆို့ ရပ်နားထားစဉ်


မန္တလေးတွင် စက်ဘီး၊ ဆိုင်ကယ် နှင့် မော်တော်ယာဉ်များ များပြားလာသည့် အတွက် ယာဉ်တိုက်မှု
အန္တရာယ်များ ပိုမိုကြုံတွေ့ ရကာ စက်ဘီး၊ ဆိုင်ကယ် အသွားအလာ များပြားသောလမ်းများတွင်
ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ကို မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဖေါက်လုပ်ပေးခဲ့ပြီး ဖြစ်ပါသည်။
ထိုသို့ အများပြည်သူ ယာဉ်အန္တရာယ်များ မရှိစေရေးအတွက် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများ ဖေါက်လုပ်ပေးထားပြီး စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းအတွင်းသို့ ဝင်ရောက်မစီးနင်းသော စက်ဘီးများကို MCDC မှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေသော်လည်း ထို စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများအတွင်း ကားများပိတ်ဆို့ရပ်ထားပြီး ထိုမော်တော်ယာဉ်များကိုမူ အရေးယူမှုများ မရှိသည့်အတွက် လက်တွေ့တွင် စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်းများသို့ ဝင်ရောက်စီးနင်းရန် အတွက်မူ အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိနေကြကြောင်း  သတင်းရရှိသည်။



၆၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြား စက်ဘီး၊ ဆိုင်ကယ် သီးသန့်လမ်း အတွင်း မော်တော်ယာဉ်များ ဝင်ရောက် ပိတ်ဆို့ ရပ်နားထားစဉ်

No comments:

Post a Comment