Wednesday, August 15, 2012

တစ်နှစ် မပြည့်မီ ကားသစ် ငါးသောင်းကျော် ရောက်ရှိပြီ

ယာဉ်ဟောင်း အစားထိုးနှင့် လွတ်လပ်စွာ တင်သွင်းခွင့် ပြု လိုက်ခြင်းကြောင့် ပြည်တွင်းသို့ ကားအသစ် စီးရေ ငါးသောင်းကျော် ရောက်ရှိလာပြီ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာလ မှ စ၍ သက်တမ်း နှစ် ၄ဝ ကျော် ကားများနှင့် နှစ် ၄ဝ မှ ၃ဝ ကြား ရှိ ကားများ ယာဉ်ဟောင်း အစားထိုး တင်သွင်း ခွင့်ပြုခဲ့ခြင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် ၂ဝဝ၇ အထက် မော်ဒယ်ကား များအား မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်တို့တွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ရှိသူ တိုင်း တင်သွင်းနိုင် ခွင့်မပြုခဲ့ခြင်း၊ ပိုင်ရှင်၏ ဆန္ဒအရ အပ်နှံလိုသည့် အငှားယာဉ်များ ကိုယ်ပိုင်ယာဉ် အဖြစ် ပြောင်းလဲ တင်သွင်း ခွင့်မပြု ကန့်သတ်ချက်ဖြင့် အစားထိုး တင်သွင်း ခွင့်ပြုခြင်းနှင့် လေလံကား များအား ကားအမျိုးအစား အလိုက် အပ်နှံခွင့် ပေးလိုက်ခြင်းကြောင့် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ အထိ ပြည်ပမှ တင်သွင်း လာသည့် ကားအစီးရေ ငါးသောင်း ကျော် ဝင်ရောက် လာခြင်းဖြစ်သည်။
အထက်ပါ စီမံချက်များဖြင့် ကားတင်သွင်း ခွင့်
ပြုခဲ့ခြင်းကြောင့် နယ်များ၌ မော်ဒယ်မြင့် ကားများ စီးလာနိုင်သည့် အပြင် ယခင် သိန်း သုံးထောင် အထက် ကားများမှာ သိန်း တစ်ထောင်ကျော်သို့ ဈေးနှုန်း ကျဆင်းလာပြီဟု စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
''ကားတွေ များလာလို့ လမ်းတွေကျပ်တယ် ဆိုပြီး တင်သွင်းခွင့် ပြုတာကို အပြစ်တင်တာမျိုးတွေ ရှိတယ်။ စည်းကမ်းမဲ့ ယာဉ်မောင်းနှင် သူတွေကြောင့် လမ်းကျပ်တာ ကို လည်း ထိထိရောက်ရောက် အရေး ယူဖို့ လိုတယ်'' ဟု ၄င်းက ပြော သည်။
ယာဉ်ဟောင်း အစားထိုး တင်သွင်းခြင်းမှာ ကားအစီးရေ ပိုမိုများ ပြားလာခြင်း မရှိသော်လည်း လွတ်လပ်စွာ တင်သွင်းခွင့် ပြုခြင်းကြောင့် ယခုနှစ်တွင် ကားအစီးရေ တိုးပွား ခြင်းမျိုး ရှိလာပြီး အစားထိုး တင်သွင်းကား များမှာလည်း ကားအရွယ်အစား ကွဲပြားစွာ တင်သွင်းမှုများ ရှိလာခြင်းကြောင့် လမ်းကြော ပိတ်ဆို့ခြင်းများ ဖြစ် ပွားခြင်း ဖြစ်သည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ထပ်လောင်း ပြောသည်။

No comments:

Post a Comment