
Edit This Menu
Thursday, February 21, 2013
သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော် လည်း ၀ယ်လို အားကောင်း

မည်သို့ပင် ဆိုစေ . . . .
မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား
စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊
သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့်
အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃
ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့်
အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု
ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။Wednesday, February 20, 2013
ဖားကန့် စစ်ပြေး ဒုက္ခသည် စခန်းတွေ အတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ

ကုလသမဂ္ဂနဲ့
အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊
မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့
စစ်ဘေးရှောင် ပြည်သူတွေ အတွက် ပေးအပ်လှူဒါန်း တာဖြစ်ပါတယ်။စင်ကာပူ Marina One အဆောက်အအုံများ ၂၀၁၇ ခုနှစ်တွင် နေထိုင်ရန်အသင့်ဖြစ်မည်

အင်္ဂါနေ့က
စီမံကိန်း၏ ပုံစံငယ်ကို စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဂ်က ပြသခဲ့ပြီး
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်လည်း ဒီဇိုင်းဖွင့်လှစ်
ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အရှင် ဆန္ဒာဓိကရဲ့  ဆုံးမ စာလေးပါ

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊
သဘောထားကြီး တယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ်
ပပျောက်အောင် ပြုလုပ်နိုင်စွမ်း ရှိရမယ်။Tuesday, February 19, 2013
ပူတာအို ဒေသနှင့် ဆွမ်ပရာ ဘွမ်သို့ တပ်မတော်မှ ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထောက်ပံ့ ပေးပို့၊ ဆက်လက် ပေးပို့လျက်ရှိ
ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင် ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့်
တစ်ညအိပ်ခရီးသာ သွားရောက် ရသဖြင့် လမ်းပန်းဆက်သွယ်မှု လွယ်ကူပြီး ကုန်စည်
စီးဆင်းမှု အဆင်ပြေချောမွေ့ကာ ဒေသခံ တိုင်းရင်းသားများ၊ ဝန်ထမ်း များအတွက်
ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန်
ခဲ့သည်။အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော ဗြိတိန်ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက် ချုပ်ဆိုပြီး တိုက်လေယာဉ် ရောင်းချရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ကြိုးပမ်း
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည်
ဖေဖော်ဝါရီလ ၁၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံနှင့် သမိုင်းဝင်
သဘောတူညီချက်အဖြစ် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို
ချုပ်ဆို မည်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသား သန်းပေါင်းများစွာ တို့၏
ကိုယ်ပိုင်အချက် အလက်များသည် ဒုစရိုက်ဂိုဏ်းများ၏ ခိုးယူခံရမည့် အန္တရာယ်
ကျရောက်နေပြီး လုံခြုံရေးဆိုင်ရာ အကြီးအကဲက အိန္ဒိယနိုင်ငံရှိ ဌာနများက
သိမ်းဆည်းပေးထားသော ဘဏ်ငွေ စာရင်းများ၊ ခရက်ဒစ်ကတ်များနှင့်
ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှာ မသမာသူများ၏ ခိုးယူမှုကို လွယ်လင့်တကူ
ခံရနိုင်ကြောင်း ဗြိတိန်အစိုးရအဖွဲ့သို့ သတိပေးခဲ့သည်။Monday, February 18, 2013
တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့
ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း သို့ ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့် တွင် အေးရှားဝေါလ် ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ် အားပေး စက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးမင်းအောင် ၏ပြောကြားချက် အရ သိရသည်။
Vatican တနင်္ဂနွေ ဝတ်ပြုပွဲ လူအများအပြား လာရောက်
ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့
ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ
ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈
ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်း မင်းကြီး ကြေညာခဲ့ပြီး ၆
ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ ကို လာရောက်ကြသူတွေဟာ အရင်နဲ့
မတူအောင်ကို များပြားခဲ့ပါတယ်။ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည်
ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့
ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ မြန် မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိ အမှတ်ပြု လာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း တွင် ဟံသာဝတီ
ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော် မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို
ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်း ၀ယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော် မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)





















