Edit This Menu
Friday, February 22, 2013
ထိုင်းနှင့် မလေးသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမား တစ်ရာကျော် တရားဝင် လက်မှတ်ရေး ထိုးပွဲ ကျင်းပမည်
ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက် အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ အား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးသို့ သွားရောက်မည့် လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကိုလည်း တရားဝင် ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။SSA မြောက်ပိုင်း အဖွဲ့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက် များကို မလိုက်နာ သဖြင့် မြန်မာ စစ်တပ်နှင့် တိုက်ပွဲဖြစ် စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့ တပ်မတော်မှ အရာရှိကြီး တစ်ဦးပြောကြား
ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်း များအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။
Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်

သင်ပုန်းကွန်ပျူတာနှင့်
လက်တော့ကွန်ပျူတာ နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့်လက်တော့သစ်ကို
ဗြိတိန်နှင့် အမေရိကန် တွင် ဒေါ်လာ ၁၂၉၉ ဖြင့် စတင်ရောင်းချသွား မည်ဖြ စ်ကြောင်း Google က ပြောကြားခဲ့သည်။ ၀က်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ် အစောင့်ထောင်ကျ
ဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သော စာတမ်း များ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေ ယာဉ်တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက်
နယ်စပ် အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက
ထောင် ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။
အဆိုပါအစောင့်တပ်ဖွဲ့မှ တာ ၀န်ရှိသူကို အဆင့်မြင့်လုံခြုံရေးဆိုင်ရာ မွမ်းမံစခန်းတစ်ခု၌ ၎င်း ၏ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံစေမည်ဖြစ်ကြောင်း တရားရုံးချုပ်က ဆိုသည်။ ပြစ်ဒဏ်ချမှတ်ခံရသောတာဝန်ရှိသူ၏ အမည်နှင့် ရာထူး အ ဆင့် ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။
ဖွင့်ပွဲတွင်
ရှေးဦးစွာအားကစားဝန်ကြီးဌာန ပြည်ေ ထာင်စု ဝန်ကြီး ဦးတင့်ဆန်းက
အဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်၍ ဇေကမ္ဘာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာ
ခင်ရွှေက အမှာစကား ပြောကြား သည်။ ထို့နောက် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်က
ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ
မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊တောင်လေးလုံးမရောက်မီ တီကောင်တောင်အကွေ့တွင် ကားဘရိတ်ပေါက်ပြီး တီကောင်တောင်အောက် ရှိ ချောက်ကမ်းပါး အတွင်းသို့ ကားတစ်စီးလုံးထိုးကျသွားခဲ့ကြော င်းသိရသည်။
မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား
ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေးဆောင်ရွက်နိုင်ဖို့အတွက် မြန်မာဘက်က ကော်မတီဖွဲ့ထားတဲ့ အကြောင်း နဲ့ မြန်မာနိုင်ငံ က ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံ ပြောပြပါမယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်

ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်
၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့
ပွင့်လင်းအစိုးရများ မဟာမိတ်အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံက
အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့
OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက်
ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက
ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့
ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး
အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း
ဗြိတိန် အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က
ပြောပြပေးမှာပါ။Thursday, February 21, 2013
သစ်မွှေး စိုက်ပျိုးချိန် မဟုတ်သော် လည်း ၀ယ်လို အားကောင်း

မည်သို့ပင် ဆိုစေ . . . .
မြန်မာ့လူမှု နယ်ပယ်တွင် သူ့သက်ဆိုင်ရာ အလိုက် သုံးစွဲနေပြီးသား
စကားလုံးများ ရှိသည်။ သမီးရည်းစား၊ ချစ်သူ၊ မောင်နှမ၊ လင်မယား၊ မိဘ၊
သားသမီး၊ ထိမ်းမြား လက်ထပ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်း စသဖြင့်
အသုံးအနှုန်းများ ရှိခဲ့သည်။ သူ့အဓိပ္ပာယ်နှင့်သူ ရှိသည်။ သို့သော် ၁၉၈၃
ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့်
အမှတ်တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု
ကျယ်ကျယ်ပြန့်ပြန့် ကြား လာရခဲ့သည်။Wednesday, February 20, 2013
ဖားကန့် စစ်ပြေး ဒုက္ခသည် စခန်းတွေ အတွက် ကုလသမဂ္ဂ အကူအညီရောက်ရှိ

ကုလသမဂ္ဂနဲ့
အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသဖက်မှာရှိတဲ့ လုံးခင်း၊
မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့
စစ်ဘေးရှောင် ပြည်သူတွေ အတွက် ပေးအပ်လှူဒါန်း တာဖြစ်ပါတယ်။စင်ကာပူ Marina One အဆောက်အအုံများ ၂၀၁၇ ခုနှစ်တွင် နေထိုင်ရန်အသင့်ဖြစ်မည်

အင်္ဂါနေ့က
စီမံကိန်း၏ ပုံစံငယ်ကို စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဂ်က ပြသခဲ့ပြီး
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ဘ်ရာဇက်ခ်လည်း ဒီဇိုင်းဖွင့်လှစ်
ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အရှင် ဆန္ဒာဓိကရဲ့  ဆုံးမ စာလေးပါ

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊
သဘောထားကြီး တယ်လို့ ယူဆထားရင်၊ ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ်
ပပျောက်အောင် ပြုလုပ်နိုင်စွမ်း ရှိရမယ်။
Subscribe to:
Posts (Atom)



















