Friday, August 17, 2012

ရုရှားခရီး သည်တ င်လေယာဉ် ဗုံးခြိ မ်ခြောက်မှုေ ကြာင့် အရေးပေါ် ဆင်းသက်ရ


ရုရှားခရီးသည်တင်လေယာဉ် ဗုံးခြိမ်ခြောက်မှုကြောင့် အရေးပေါ်ဆင်းသက်ရနယူးယော့ခ်မှ မော်စကိုသို့ ဦးတည် ပျံသန်းနေသော ခရီးသည်တင် လေယာဉ် တစ်စင်းပေါ်တွင် ဗုံးပါလာသည်ဆိုသော သတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အမည်မသိ လူတစ်ဦးက ဖုန်းဆက်ကာ သတင်းပေးမှုကြောင့် ကြာသပတေးနေ့က အဆိုပါ လေယာဉ်သည် အိုက်စ်လန် နိုင်ငံတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

နယူးယော့ခ်မှ မော်စကိုသို့ ဦးတည် ပျံသန်းနေသော ခရီးသည်တင် လေယာဉ် တစ်စင်းပေါ်တွင် ဗုံးပါလာသည်ဆိုသော သတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အမည်မသိ လူတစ်ဦးက ဖုန်းဆက်ကာ သတင်းပေးမှုကြောင့် ကြာသပတေးနေ့က အဆိုပါ လေယာဉ်သည် အိုက်စ်လန် နိုင်ငံတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။



သတင်းပေးက လေယာဉ်ပေါ်တွင် ဖောက်ခွဲရေး ကိရိယာတစ်ခု ပါရှိသွားကြောင်း အခိုင်အမာ ပြောဆို အသိပေးလာကြောင်း ရုရှားလေကြောင်းလိုင်း Aeroflotမှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။ "လူတစ်ယောက်က ဖုန်းခေါ်ပြီး လေယာဉ်ပေါ်မှာ ဗုံးပါသွားတယ်လို့ ပြောတယ်။ အဲဒီအချိန် လေယာဉ်က ဝေဟင်မှာပဲ ရှိသေးတယ်။ လေယာဉ်မှူးက အရေးပေါ်ဆင်းဖို့ ဆုံးဖြတ်ပြီးတဲ့နောက် လေယာဉ်ကို ဘေးကင်းကင်းနဲ့ ဆင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ရှာဖွေရေးတွေ စလုပ်ခဲ့တယ်"ဟု အဆိုပါ အရာရှိက ဆိုသည်။

အိုက်စ်လန်နိုင်ငံ၊ ကီဖလာဗစ်ခ် လေဆိပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်မှ ထွက်ခွာလာသော လေယာဉ်ပေါ်မှ ခရီးသည် (၂၅၃)ဦးလုံး ဘေးကင်းကြောင်း ပြောကြားသွားသည်။ ရုရှား သတင်းဌာန Interfaxက အမည်မသိ ဖုန်းခေါ်ဆိုမှုသည် အမေရိကန် တရားဥပဒေ စိုးမိုးရေး အေဂျင်စီ တစ်ခုထံ ဦးတည်ကာ အသိပေးခဲ့ခြင်းဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဖော်ပြသွားသည်။ ထိုသူက လေယာဉ်ပေါ်တွင် အဝတ်သေတ္တာနှင့် (၅)လုံးအပြည့် ဗုံးများ ပါသွားပြီး မော်စကို အရောက်တွင် ပေါက်ကွဲလိမ့်မည်ဟု သတင်းပေးခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment