Friday, August 17, 2012

၈၈မျိုးဆက်ကျောင်း သားတွေ ကို အမျိုးသမီး အဖွဲ့ရန်ပုံငွေလှူဒါန်း



အမျိုးသမီးအဖွဲ့အစည်း (၁၄)ဖွဲ့ပူးပေါင်းထား တဲ့ မြန်မာနိုင်ငံအမျိုးသမီးများကွန်ယက်အဖွဲ့က ရခိုင်ဒေသမှာ အကူအညီလိုအပ်နေသူတွေအတွက် ငွေကျပ်(၈) သိန်းကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်နဲ့အဖွဲ့ထံ ဒီကနေ့ မနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ပါတယ်။

အကူအညီလိုအ
ပ်နေသူတွေဆီ အလှူငွေတွေ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အခုလို လာရောက်လှူဒါန်းရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုး သမီးများ ကွန်ယက်အဖွဲ့ဝင်၊ ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်စူစန်နာ လှလှစိုးက RFA ကို ပြောပါတယ်။

ကိုမင်းကိုနိုင်ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ထွန်းရေး အထက်မြန်မာနိုင်ငံခရီးစဉ်ကို အဆုံးသတ်ပြီး၊ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကိုကိုကြီး ဦးဆောင်တဲ့ ရှမ်းပြည်ကို သွားရောက်တဲ့အဖွဲ့ကတော့ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိနေပြီး၊ မနက်ဖြန်မနက်ပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံအခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး Collaboration for Young Generation in Mekong Region အဖွဲ့ က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို ဒီကနေ့ ရန်ကုန်မြို့က ၈၈ ရုံးခန်းမှာ လာရောက်တွေ့ဆုံပြီး ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီအဖွဲ့က ဒေသအတွင်း ပြသနာရပ်တွေကို လူငယ်အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး အဖြေရှာ ဆောင်ရွက်ဖို့ အဓိက လာရောက်ဆွေးနွေးကြတာဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

အာဆီယံအစိုးရအဖွဲ့အစည်းတွေလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ ဒေသတွင်းက ပတ်ဝန်းကျင်ထိန်းသိမ်းမှုအပါအ၀င် အခြား ပြသနာရပ်တွေကို လာမဲ့ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံလူငယ်များညီလာခံမှာ ရှုဒေါင့်အမျိုးမျိုးက တင်ပြဖို့ ရည်ရွယ်ချက်တွေကိုလဲ ရှင်းလင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ထိုင်းနိုင်ငံအခြေစိုက် မဲခေါင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ကို ကိုမြအေး၊ ကိုဂျင်မီ နဲ့ ကိုပြုံးချိုတို့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

No comments:

Post a Comment