Friday, August 17, 2012

ပေါင်းလောင်း ရေအားလျပ်စစ်စီမံကိန်းကြောင့် ပြောင်းရွှေ့ရသူတွေအတွက် လျော်ကြေးတောင်းမည်



ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် နေရာ ဖယ်ပေးရမယ့် မြေဧက (၆၀၀၀) ကျော်အတွက်
ထိုက်သင့်တဲ့လျှော်ကြေးရရှိဖို့ ဒေသခံအခွင့်အရေးလှုပ်ရှား တွေက အစိုးရအဖွဲ့ ထံ ဒီကနေ့ စာရေးသားတောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ပင်လောင်းမြို့နယ်အတွင်း ထိန်ပင်၊သပြေကုန်းစတဲ့ ကျေးရွာအုပ်စုတွေအပါအ၀င် ကျေးရွာပေါင်း ၂၃ ရွာက အိမ်ခြေ ၃၀၀၀ ကျော်ကို အခုနှစ် မကုန်မီ အပြီးအပိုင် ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းပေးရမယ့် ကျေးရွာတွေ အတွက် အစိုးရအာဏာပိုင်တွေဘက်က နစ်နာကြေးအဖြစ် အိမ်ထောင်စု တစ်စုကို ငွေကျပ် ငါးသောင်းနဲ့ ပေ ၈၀×၆၀ မြေကွက်တွေ နေရာချထားပေးမယ်လို့ဆိုပါတယ်။

ဒါပေမယ့် အိမ်ခြေ ၃၀၀၀ ကျော်အတွက် မြေနေရာ အလုံအလောက် ပြန်လည်ချထား ပေးတာ မရှိတဲ့အပြင် နစ်နာကြေးငွေ ၅ သောင်းကျပ်ဟာလည်း အိမ်ထောင်စုတစ်စုအတွက် လုံလောက်မှု မရှိဘူးလို့ ဒီအရေးကိုကူညီဆောင်ရွက်ပေးနေတဲ့ ကယန်းမျိုးဆက်သစ်လူငယ် အဖွဲ့က ပြောပါတယ်။

No comments:

Post a Comment