
မွန်ပြည်နယ်
ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာ တောင်ဘက် ကွင်း အမှတ်(၇၅၂)
ကွေ့ကမော့ကွင်းရှိ
ဦးကျော်စွာထွေးပိုင် လယ်တဲ၌ သြဂုတ် ၁၃ ရက် ညနေ ၃ နာရီက
လယ်သူရင်း ငှားဖြစ်သူ

အောင်စိုးဦး ၁၈ နှစ် (ဘ) ဦးစိုးမြင့် (၇)ရပ်ကွက် မုရစ်ကလေး
ကျေးရွာနေသူသည် ကိုင်းခုတ်ဓားဖြင့် အခုတ်ခံရပြီး သေဆုံးခဲ့သည်။ ခုတ်ခဲ့သူ
မျိုးနိုင် ၃၈ နှစ် (ဘ) ဦးဟန်တင် လယ်သူရင်းငှား အကွက်(၅) အမှတ် (၁၇)
မုရစ်ကလေး ကျေးရွာနေသူက မုရစ်ကလေးရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍
ချောင်းဆုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် ဝင်းအောင်နှင့်
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးရာ
အောင်စိုးဦးသည် ယာဘက်နားအနီးမှ ဝဲဘက်နား ထင်အထိ ဦးခေါင်းအနောက်ဘက်မှ
ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းခွံပဲ့ထွက်ဒဏ်ရာ၊ ယာခြေချင်းဝတ် ပြတ်ရှဒဏ်ရာ၊
ယာလက်ချောင်းများပြတ်ရှဒဏ်ရာနှင
့် ဝဲပါး ပြတ်ရှဒဏ်ရာ စသည်ဖြင့်
စုစုပေါင်း ဒဏ်ရာ (၉)ချက်ရရှိပြီး ဦးနှောက်များ ထွက်ကာ
သေဆုံးလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ချောင်းဆုံမြို့နယ် ရဲစခန်းမှ
မျိုးနိုင်အပေါ်(ပ) သတင်းချက် အမှတ်စဉ် ၆ဝ/၂ဝ၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂
အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment