Friday, August 17, 2012

ဒူဘိုင်း မှ မြန်မာများ ကို ဗီဇာ ဘန်း မည် ဟု ဆို



OIC အစည်းအဝေးအပြီး ယူအေအီး အစိုးရမှ မြန်မာလူမျိုးများကို ဗီဇာ ဘန်းတော့ (Black Listed) မည်ဟု သတင်းရရှိသည်။ လူသစ်များကို ဗီဇာမပေးတော့ပဲ ၊လူဟောင်းများကိုလည်း အီးပီ သက်တမ်း ကုန်လျှင်
တိုးမပေးတော့ ဟု သိရပါသည် ။ သို.ဖြစ်ပါသောကြောင့် ဘဏ်တွင်ငွေ အပ်ထားသည်များ ရှိပါက အကောင့် Freeze မလုပ်ခံရအောင် ငွေအမြန်ဆုံး ထုတ်ယူထားကြပါရန်၊ မရွေ.မပြောင်းနိုင် သော ပစ္စည်းများ (အိမ် ၊ ကား) အစရှိသည်တို. ၀ယ်ယူထားမိပါက အမြန်ဆုံး ရောင်းထုတ်ခြင်း ၊ ရောင်းရန် လုံးဝအဆင်မပြေပါက မိမိလုံးဝ ယုံကြည်စိတ်ချရသော မြန်မာနိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားသူ မဟုတ်သူအား ပိုင်ဆိုင်မှု လွဲပြောင်း ပေးအပ်ထားခြင်းများ အလျှင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသတွင် မွတ်ဆလင် များကို မြန်မာများက ဖိနိပ်လျှက်ရှိကြောင်း ကို မကြာခင်မှာ OIC မှ ကုလသမ္မဂ္ဂသို့ တင်သွင်းမည်ဖြစ်ပြီး။ ဒူဘိုင်းနိုင်ငံတွင် မြန်မာလူမျိုး ၅ သောင်းကျော် နေထိုင်လျှက် ရှိပြီး UAE သာ မက အခြား မွတ်ဆလင် နိုင်ငံများမှ မြန်မာအများအပြားလည်း သတိထားဖို့ လိုအပ်ကြောင်း သိရသည်။

source:ME

No comments:

Post a Comment