Friday, August 17, 2012

နောက်ဆုံးရသတင်းများစုစည်းတင်ပြမှု



ပဲခူးမြို့ နယ်ထဲမှာ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း စတင်တော့မှာမို့ စီမံကိန်းနယ်မြေထဲက အိမ်နဲ့ ဘုန်းကြီးကျောင်းတွေ စ ပြောင်းရွှေ့ နေကြရပါတယ်။ ပဲခူးတောင်ဘက်ရှိ ဘုရားသုံးဆူနဲ့
စာကလေးကွင်းရွာ အုပ်စု တွေက အိမ် ၁၀၀ ၀န်းကျင်နဲ့ ဘုန်းကြီးကျောင်း ၁၆ ကျောင်း ရွှေ့ပြောင်း ပေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေရာကပြောင်းဖို့ လွန်ခဲ့တဲ့ ၃ လကတည်းက ခရိုင်အုပ်ချုပ်ရေးမှူး ညွန်ကြားထားပေမယ့် အစားထိုးနေရာ ချမပေး တာကြောင့် အခက်တွေ့နေ ကြတယ်လို့လည်း ဒီကျေးရွာသားတွေက ပြောပြကြပါတယ်။



မြန်မာပြည်မှာ စတော့ရှယ်ယာ ဈေးကွက်ဆိုင်ရာ ဥပဒေ ရေးဆွဲရေး ဂျပန်က ကူညီမယ်လို့ ဂျပန် ဘဏ္ဍာရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ဒီအစီစဉ်တွက် မြန်မာနိုင်ငံဗဟိုဘဏ်နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးပြီလို့ ဂျပန်ဝန်ကြီးက သြဂုတ်လ ၁၆ ရက်နေ့မှာ ပြောကြောင်း ယိုမီယူရီ သတင်းမှာ ဖေါ်ပြထားပါတယ်။ ဂျပန် ကွန်ပျူတာ အင်တာနက် လုံခြုံရေးဆိုင်ရာ ကုမ္ပဏီတခုကလဲ မြန်မာပြည်မှာ အမေရိကန် ဒေါ်လာသန်း ၃၈၀ ရင်းနှီးမြှုပ်နှံဘို့ စီစဉ် နေကြောင်း မကြာခင်က ပြောခဲ့ပါသေးတယ်။ ဒါပြင် ဂျပန်ကားကုမ္ပဏီ လီမိတက်ကလည်း မြန်မာ့ပို့ဆောင် ဆက်သွယ် ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဘို့ ပြောဆိုထားပါတယ်။



မူးယဇ်ဆေးဝါးနဲ့ လက်နက်မှုတွေကို ပတ်သက်မှုမရှိတဲ့ ထိုင်း ၈၃ ယောက်ကို လွှတ်ပေးဖို့ မြန်မာဘက်က ပြင်ဆင် နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။ တနင်္သာရီတိုင်း၊ ကော့သောင်ခရိုင် တရားရုံးရဲ့ စစ်ဆေးချက် အရ ထိုင်းနိုင်ငံသား ၈၃ ယောက်ဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်ကိစ္စ ကင်းရှင်းတာမို့ လ၀က ဥပဒေအရဘဲ ကျခံ ကြရမှာလို့ သတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ဒါကြောင့် အယူခံတင်ပြီး ပြည်နှင်ဒဏ်ကိုသာ ကျခံရစေဖို့ ရှိနေပါတယ်။ ဇူလိုင်လမှာ တရားမ၀င်နေထိုင်မှု၊ မူးယစ်နဲ့ လက်နက်ကိုင်မှု စွဲချက်တွေနဲ့ ထိုင်း ၉၂ ဦးကို မြန်မာက ဖမ်းထားတာပါ။ အဲ့ဒီထဲက ၉ ဦးကိုတော့ မူးယစ်ဆေး၊ လက်နက်မှုတွေနဲ့ အရေးယူဖို့ ရှိနေဆဲ ဖြစ်ပါတယ်။



အစိုးရ ရုံးပြင်န္နားတွေ သွားတဲ့အခါ ပြည်သူတွေ ငွေကုန်လူပမ်း အချိန်ကုန် ဒုက္ခတွေ့ နေကြရတဲ့ သတင်းတွေ ကြား နေရတယ်လို့ သမတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ သမတရဲ့ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းဝေးအဆုံးမှာ ပြောလိုက်တာပါ။ ဒါကြောင့်လဲ စီးပွားကူးသန်း၊ အကောက်ခွန်၊ ဘဏ်၊ ဆိပ်ကမ်း ကိစ္စတွေ၊ ပတ်စပို့နဲ့ ဗီဇ
ာနဲ့ မှတ်ပုံတင် ရုံးတွေကို တနေရာထဲ ဆောင်ရွက်ပေးနိုင်မယ့် စုပေါင်းရုံးတွေ ရန်ကုန်နဲ့ မန္တလေး တိုင်းအစိုးရတွေက လုပ်ဆောင်ရမယ်လို့ သမတက ညွန်ကြားလိုက်ပါတယ်။ ပြည်သူတွေ အဆင်မပြေတဲ့ ကိစ္စတွေမှာ ဒါတွေက ထိပ်ဆုံး ပါနေလို့ ဖြေရှင်းဖို့ ခုလို လုပ်ဆောင်ဖို့ သမတက ညွန်ကြားလိုက်တာပါ။



အမေရိကန် - ထိုင်းတို့ ပူးတွဲ Cobra Gold စစ်ရေး လေ့ကျင့်ရာမှာ မြန်မာလဲ ပါဝင် လေ့လာချင်ကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နှစ်စဉ်လုပ်နေကျ အမေရိကန်-ထိုင်း ပူးတွဲ စစ်ရေး လေ့ကျင့်တာကို လေ့လာနိုင်ဖို့ အမေရိကန်နိုင်ငံနဲ့ ညှိုနှိုင်ပေးဖို့ မြန်မာဗိုလ်ချုပ်တွေက ထိုင်းကို အကူညီ တောင်းထား တယ်လို့
ထိုင်းကာကွယ်ရေးဝန်ကြီး ဘန်ကောက်ပို့ စ်သတင်းစာကို ပြောကြားခဲ့ပါတယ်။ ထိုင်းကာကွယ်ဝန်ကြီးဟာ မြန်မာပြည်ကို ၂ ရက် သွားခဲ့ပြီး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်းတို့နဲ့ တွေ့ ဆုံခဲ့ပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့ လွှတ်တော်မှာ အစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတွက် နည်းဥပဒေတွေကို သတ်မှတ် ရက်အတွင်း ပြည်ထောင်စုအဆင့် အဖွဲ့စည်းတွေက ထုတ်ပြန်ဖို့ တိုက်တွန်းကြောင်း အဆိုကို စ ဆွေးနွေးနေပါပြီ။ ဒီ အဆိုကို အမ်း မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ တင်သွင်းခဲ့ပြီး လွှတ်တော်က လက်ခံဆွေးနွေးဖို့ သြဂုတ်လ ၁၀ ရက်နေ့က ဆုံးဖြတ်ထားပါတယ်။ ဒီအဆိုကို ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်တွေနဲ့အတူ ပါတီစုံက ကိုယ်စားလှယ် ၇ ဦးက ဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာပါ။


မြန်မာနိုင်ငံဆန်စပါးလုပ်ငန်း အသင်းချုပ်က ဧရာဝတီတိုင်းဒေသ ကြီးအတွင်း ရေကြီးနေသောဒေသများအတွက် ဆန်အိတ် ၅၀၀ လှူဒါန်းမည်ဖြစ်ကြောင်းဗဟိုအလုပ
်အမှုဆောင် ဒေါက်တာစိုးထွန်းကပြောသည်။
"ပထမတော့ မျိုးစပါးထောက်ပံ့မလို့ ဆန်အရင်လိုတာနဲ့ ဆန်ထောက်ပံ့လိုက်တာ"ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
သို့သော် ဧရာဝတီတိုင်းဒေသကြီးအတွက် ဆန်စပါးအသင်းချုပ်က
မျိုးစပါး တင်းသုံးသောင်းလှူဒါန်းရန် ဆုံးဖြတ်ထားကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြောင်းမြနှင့် ငပုတောမြို့နယ်တို့မှလွဲ၍ ကျန်မြို့များမှာ ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရပြီး ပုသိမ်တစ်မြို့ထဲတွင်
ဒုက္ခသည် တစ်သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း ၄၄၁ ကျောင်းကို ပိတ်ထားရသည်။


မြစ်ရေကြီးမှုကြောင့် အဝေးပြေးကုန်ကားများ ဖြတ်သန်းသွားလာမှု ယာယီရပ်ဆိုင်းခဲ့သော ရန်ကုန် - မြ၀တီကားလမ်းကြောင်း သြဂုတ်လ ၁၇ ရက်တွင် ပြန်ဖွင့်ကာ ကားအချို့ဖြတ်သန်းသွားလာရပြီဖြစ်ကြောင်း ၄င်းဂိတ်များမှ သိရသည်။ “အခု မြ၀တီဘက်မှာ ရေပြန်ကျနေပါပြီ။ဂျိုင်းရွာ နဲ့ကျုံဒိုးရွာ တံတားလည်း ကားသွားလို့ရနေပြီအရင် ရေကြီးတဲ့ ရက်တွေက အဲ့ဒီတံတားပေါ်ကားတွေ ဖြတ်လို့မရဘူး” ဟု ရန်ကုန် မြ၀တီကုန်စည်ပို့ဆောင်ရေး အဝေးပြေးဂိတ် မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မှ မြ၀တီသို့ သွားရာ၌ အဆိုပါတံတားအားဖြတ်သွားရခြင်းဖြစ်ပြီး ယခုအခါမြို့ပေါ်ရေလျှံတက်မှုလျော့နည်း လာခြင်းကြောင့် ၄င်းတံတားအား ယမန်နေ့ ညမှစတင်၍ ကုန်ကားများအား တစ်စီးခြင်းစီ အနည်းငယ်ခြား၍ ဖြတ်သန်းခွင့်ပြုလာကြောင်းသိရသည်။
သို့သော်ပုသိမ်မြို့ပေါ်သို့ ရေလျှံတက်မှု လျော့နည်းခြင်းမရှိသေးသောကြောင့် ည ၈နာရီမှ မနက် ၅နာရီအတွင်း ကုန်ကားများ မြို့တွင်းသို့ဝင်ရောက် ခွင့်တားမြစ်ထားခြင်းအား ရုပ်သိမ်းခြင်းမရှိသေးကြောင်းသိရသည်။
ပဲခူးနှင့် မော်လမြိုင်မြို့ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သော်လည်း ကုန်ကားများသွားလာခြင်းအား ထိခိုက်မှုမရှိကြောင်း သိရသည်။



၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ ရန်ပုံငွေရှာဖွေပွဲအဖြစ် 'စေတနာ ၀ဿန်'အမည်ဖြင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆော င်ကိုမင်းကိုနိုင်က ပြောသည်။
"ကျွန်တော်တို့နိုင်ငံမှာ နံပါတ်(၁) ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့ အစည်း ပေါ်ပေါက်ဖို့ ရန်ပုံငွေလိုတယ
်၊ နံပါတ်(၂) လက်ရှိအချိန်မှာ
ကျွန်တော်တို့ အပါအ၀င် မျိုးဆက်သစ်တွေအားလုံး ဘယ်တုန်းနဲ့ကမှ မတူတဲ့ ညီညွတ်ခြင်းကို တည်ဆောက်နိုင်နေပြီဆိုတာကို ပြသဖို့
ဒီပွဲကို စီစဉ်ရတာပါ"ဟု ကိုမင်းကိုနိုင်က ပြောသည်။ ယင်းဖျော်ဖြေပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကြီးဂီတတီးဝိုင်း ၈ ၀ိုင်းနှင့် နာမည်ရအဆိုတော်၅၀နီးပါးသီဆိုကြမည်ဖြစ်ပြီးဂီတတစ်ခုတည်းသာမက ကဗျာရွတ်ဆိုခြင်း၊ စင်မြင့်နောက်ခံ ပန်းချီရေးဆွဲခြင်းတို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများကလည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ဖျော်ဖြေဖွယ်ရှိပြီး ကိုမင်းကိုနိုင်က တေးရေးကိုနေ၀င်း၏
'နောက်ဆုံးအိမ်မက်' သီချင်းကို သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်ကပြောသည်။
ယင်းဖျော်ဖြေပွဲ လက်မှတ်များကို သြဂုတ်လ ၂၀ ရက်မှစ၍ ရန်ကုန်မြို့ရှိ City Mart ဆိုင်များနှင့် Ocean Supermarket များတွင်
စတင်ရောင်းချမည်ဖြစ်ပြီး လက်မှတ်များကို ကျပ်၂၀၀၀၀၊ ၁၅၀၀၀ နှင့် ၁၀၀၀၀ သတ်မှတ်ထားသည်။ ရရှိလာသည့် ရန်ပုံငွေများကို
မြန်မာပြည်တစ်နံတစ်လျားရှိ နယ်ပယ်အသီးသီးမှ လိုအပ်နေသော လူ့အဖွဲ့အစည်း အကျိုးပြုလုပ်ငန်းများသို့ တစ်ပြားမကျန် လှူဒါန်းသွားမည်ဖြစ်ကြောင်း ရန်ပုံငွေခွဲဝေသုံးစွဲရေး
တာဝန်ယူထားသူ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ဦးကိုကိုကြီးက ပြောသည်။





No comments:

Post a Comment