Friday, August 17, 2012

၁၈ နှစ်ပြည့် နိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်သူများကို ယာဉ်တင်သွင်းခွင့်ပါမစ်ရပ်ဆိုင်းမည့်သတင်းမဟုတ်မှန်

·

ရန်ကုန်၊ သြဂုတ် - ၁၇


အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများအား မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်ထုတ်ပေးနေခြင်း ရပ်ဆိုင်းတော့မည်ဆိုသောသတင်းမှာမဟုတ်မှန်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်ကပြောကြားသည်။

ကိုယ်တိုင်လျှောက်ထားသူများမှာ ရန်ကုန်မြို့ရှိ စီးပွား/ကူးသန်းရုံးတွင် လျှောက်ထားနိုင်ပြီး ကိုယ်စား လှယ်ဖြင့် လျှောက်ထားသူများမှာမူ နေပြည်တော်တွင်လျှောက်ထားရမည်ဟု ဦးတိုးအောင်ကပြောကြားသည်။
နိုင်ငံခြားငွေစာရင်း ဖွင့်ထားပြီး အသက် ၁၈ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားများသည် ၂၀၀၇ မော်ဒယ်အထက် ကားတစ်စီး တင်သွင်းခွင့်ပြုခြင်းကို ၂၀၁၂ မေလ ၄ ရက်ကစတင်ခွင့်ပြုခဲ့ပြီး သြဂုတ်လ ၂၆ရက်အထိ နေပြည်တော်တွင် လျှောက်ထားသူ ၈,၀၈၈ ဦးနှင့် ရန်ကုန်ရုံးခွဲတွင် လျှောက်ထားသူ ၇၇၈ ဦးရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment