
ပင်စင်နားနီးနေပြီ ဖြစ်သော ပညာရေးဝန်ထမ်းတို့၏ လစာကို တိုးမြှင့် ပြင်ဆင်ပေးသွားရန် စီစဉ်နေပြီဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။ “တန်းစီဇယားထဲ

ဂုဏ်ပြုလိုက်တဲ့ သဘောနဲ့ လစာ တိုးမြှင့်ပေးသွားမယ်” ဟု ပညာရေးဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးနှင့် စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အခြေခံပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည်နှင့် လူမှုစီးပွားရေး မြင့်မားရေး စီမံချက်အနေဖြင့် အလယ်တန်း၊ မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြများ၏ လစာနှုန်းထားကို ပြင်ဆင် သတ်မှတ်ပေးသွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေရာ ယခုဘဏ္ဍာနှစ်အတွင်း ဆရာ၊ ဆရာမ ၂၀၀၀၀ နီးပါးခန့် တိုးမြှင့်ပေးသွားနိုင်ခြေ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
“ပင်စင်နား မနီးတဲ့သူတွေကို တစ်ဆင့်ချင်းအလိုက် စိစစ်ပြီး တိုးပေးသွားဖို့က စီစဉ်ထားပြီးသားပါ။ တန်းစီဇယားနဲ့ လုပ်သွားမှာပါ။ သို့သော်လည်း အကုန်လုံးတော့ ဒီနှစ်ထဲမှာ မတိုးပေးနိုင်ပါဘူး။ လာမယ့်နှစ်မှာတော့ အကုန်လုံး ဖြစ်သွားနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် အလယ်တန်း ကျောင်းအုပ်ရာထူးကို ကျပ် ၈၉၀၀၀၊ မူလတန်းကျောင်းအုပ်အတွက် ကျပ် ၈၃၀၀၀ နှင့် မူလတန်းပြ ဆရာ၊ ဆရာမအတွက် ကျပ် ၇၇၀၀၀ တို့ကို ပညာရေးဝန်ကြီးဌာနမှ အခြေခံလစာနှင့် အစိုးရချီးမြှင့်ငွေတို့ ပေါင်းကာ ဝန်ထမ်း ၉၈၃၉၉ ဦးအား လစာငွေပေးအပ်လျက် ရှိသည်။ တိုးမြှင့်ပေးမည့် အစီအစဉ်အရ မူလတန်းပြလစာကို ကျပ် ၈၃၀၀၀၊ မူလတန်း ကျောင်းအုပ်ကို ကျပ် ၈၉၀၀၀ နှင့် အလယ်တန်းကျောင်းအုပ်ကို ကျပ် ၁၃၀၀၀၀ သို့ ပေးအပ်သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
From : Popular
No comments:
Post a Comment