Friday, August 10, 2012

ရခိုင်ပြည်နယ်ကိုထောက်ပံ့ပေးချင်တာလား...ဘင်္ဂါလီပြည်နယ်ဖြစ်ဖို့လုပ်နေတာလား(NGO,UNHCR)


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက်မှုတွင် ထိခိုက် နစ်နာခဲ့သည့် ဒုက္ခသည်များအ တွက်ပြည်ပအဖွဲ့အ စည်းများထံမှ ကူညီထောက်ပံ့မှုများကို လက်ခံရန် ဒေသခံများ ကိုယ်တိုင်ငြင်းဆန်ထားသည်မှာ တစ်လတာခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။
    (No UN) (No INGO)INGO Get Out စသည့်စာတန်းများကို ယနေ့တိုင်ကပ်ထားဆဲဖြစ်ကြောင်းလည်း သိရသည်။ မစ္စ
တာ ကင်တားနားနှင့်အဖွဲ့ လာရောက်လေ့လာသည့်နေ့က ဒုက္ခသည်စခန်းများတွင် ကပ်ထားသည့်ယင်းစာတန်းများကို အာဏာပိုင်တို့က ဖြုတ်ခိုင်းခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော် မြို့တွင်းသွားလာနေသည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များတွင်မူ ကပ်ထားဆဲဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။
    ထိုသို့ ငြင်းဆန်ထားမှုကြောင့် သွားရောက်လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများအတွက် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ရန်
အခက်အခဲအချို့ တွေ့ကြုံနေရကြောင်း လတ်တလောတွင် သွားရောက်ကူညီမှုများ ပေးနေသော ပြည်တွင်းအင်န်ဂျီအိုအချို့မှ တာ
ဝန်ရှိသူများက ပြောသည်။
           ''လက်ရှိအချိန်မှာ ရခိုင်ကိုလျှို့လျှို့ဝှက်ဝှက်လေးပဲ ၀င်ပြီးလုပ်နေ တာက ပိုသက်သောင့်သက်သာ ရှိမယ်လို့ထင်တယ်" ဟု ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးဆိုင် ရာ ကူညီထောက်ပံ့မှုများ သွား ရောက်လုပ်ကိုင်နေသည့် အဖွဲ့အ စည်းတစ်ခု၏ဥက္ကဋ္ဌကပြောသည်။
    သို့သော် ထိုသို့ ငြင်းဆန် ကန့်ကွက်ခြင်းသည် အရေးအခင်း ဖြစ်စဉ်တွင် ၀န်ထမ်းများပါဝင် ပတ်သက်ခဲ့သည့်  UNHCR, AZG နှင့် MSF အဖွဲ့များကိုသာဖြစ်ပြီး ကျန်အဖွဲ့အစည်းများကမူ လွတ် လပ်စွာ လုပ်ကိုင်လျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
    ''ဒီမှာ Red Cross လည်း လုပ်နေတာပဲ။ ဘာမှမဖြစ်ဘူး။ လူတွေကလည်း ကူညီလုပ်ကိုင် ပေးပါတယ်။ တခြားအဖွဲ့အစည်း တွေ နာမည်ခံပြီးလုပ်ရင် ဒေသခံ
တွေကလက်ခံပါတယ်"ဟုအထက်ပါပုဂ္ဂိုလ်က ပြောသည်။
    ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် အိုင်အင်န်ဂျီအိုသုံးခုမှဝန်ထမ်းကိုးဦး ပါဝင်ပတ်သက်မှု
ရှိခဲ့ကြောင်း အစိုးရကလည်း တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
    လူသားချင်း ကူညီထောက်ပံ့ မှုများ ပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများထဲတွင် အရေး အခင်းလှုံ့ဆော်သူ ၀န်ထမ်းအချို့ ပါဝင်ခဲ့ခြင်းနှင့် ခွဲခြားထောက်ပံ့ ကူညီနေခြင်းများ ရှိခဲ့သည်ဟု စွပ်စွဲခံထားရသူများကို ဆက်လက်ဆန္ဒပြပြနေခြင်းဖြစ်သည်။
    ''ဒီလိုလုပ်တာဟာ အရင်က UN နဲ့ INGO တွေ ရခိုင်တိုင်းရင်း သားတွေအပေါ် အစဉ်အဆက် ခွဲခြားဆက်ဆံခဲ့တာတွေကြောင့် ပါ။ သူတို့ဆီမှာ ၀န်ထမ်းတွေခန့် ရင်ဘင်္ဂါလီတွေကိုပဲခန့်တယ်။ AZG က ဖွင့်တဲ့ သဇင်ဆေးခန်းမှာဆိုရင်ဘင်္ဂါလီတွေကိုပဲဝင်ခွင့်ပေးပြီးရခိုင်တွေလာရင်နှင်ထုတ်တာမျိုး
လုပ်ခဲ့တယ်" ဟု ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်ကပြောသည်။
    သို့သော် လူမှုရေးအဖွဲ့အ စည်းများ၏ ကူညီထောက်ပံ့မှုများ ကို ယခုကဲ့သို့ ဆက်လက်ကန့် ကွက်နေဦးမည်ဆိုလျှင် မလိုလား အပ်သော ကျန်းမာရေးနှင့် လူမှု ရေးဆိုင်ရာ နောက်ဆက်တွဲပြဿ နာများ ဖြစ်ပေါ်လာနိုင်ကြောင်း သွားရောက်ကူညီမှုပေးနေသည့် အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူ များကပြောသည်။
    ''အခု ဒုက္ခသည်စခန်းတွေ မှာ ၀မ်းရောဂါ အချိန်မရွေးဖြစ် ပွားပြီး ပြန့်ပွားနိုင်တဲ့အခြေအနေ ဖြစ်နေတယ်။ ယင်မလုံတဲ့အိမ်သာ တွေကို သုံးနေကြတယ်။ အမျိုး သမီးတွေဟာ မလုံခြုံတဲ့အိမ်သာ တွေကိုသုံးနေရတယ်။ နေရာအနှံ့ မှာ မစင်တွေရှိနေတယ်"ဟု ရေ နှင့်သန့်ရှင်းမှုဆိုင်ရာ စစ်တမ်းများ ကောက်ယူနေသည့် အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ထို့အပြင် မတော်တဆ ၀မ်း ရောဂါကူးစက်မှုဖြစ်ပွားပါက ဒုက္ခ သည်စခန်းများမှတစ်ဆင့် မြို့နယ် အတွင်း၊ ပြည်နယ်အတွင်းနှင့် နယ် စပ်ဒေသများသို့ပါ ကူးစက်ပျံ့နှံ့ နိုင်ကြောင်း ၎င်းင်းကဆက်ပြော သည်။ ရခိုင်ပြည်နယ်ရှိ မျိုးချစ်လူ ငယ်အချို့ကလည်း ပြည်တွင်း ပြည်ပ လူမှုရေးအဖွဲ့အစည်းများ ထံ စာဖြင့် ရေးသားပေးပို့ကာ ပြစ် တင်ဝေဖန်မှုများရှိနေကြောင်း စစ် တွေမြို့တွင် သွားရောက်ကူညီမှု ပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။
    သွားရောက်အကူအညီပေး မည့် အဖွဲ့အစည်းများသည် ဒုက္ခ သည်များအတွက် လုပ်ဆောင် ပေးရမည့်ကိစ္စရပ်များတွင် နှောင့် ယှက်ခံရခြင်းများ ရှိမည်ကိုလည်း စိုးရိမ်မှုများရှိနေပြီး သတိထားလုပ် ဆောင်နေရသည်ဟုသိရသည်။
    ''ဒေသခံတွေက အဖွဲ့အ စည်းတွေကို မုန်းတာမဟုတ်ဘူး။ အကြမ်းဖက်ကန့်ကွက်တာမလုပ် ပါဘူး။ လုပ်ဖို့လည်း ဆန္ဒမရှိဘူး။ ဒါပေမဲ့ တစ်ဖက်စောင်းနင်းလုပ်ခဲ့ တဲ့အဖွဲ့တွေကတော့ ဒီမှာ ပြန်ဝင် မယ်ဆိုရင် လူထုရဲ့ အနာဟောင်း တွေကျက်တဲ့အထိ အချိန်ကာလ တစ်ခုတော့ စောင့်ရလိမ့်မယ်"ဟု ဦးအောင်မြတ်ကျော်က ပြောသည်။
     ထို့အပြင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခ ကာလတွင် ပါဝင်ခဲ့သည့် ထိုဝန်ထမ်းများကို အဖွဲ့အစည်းအမည် အသုံးချခဲ့သော လူ ပုဂ္ဂိုလ်အနေဖြင့်သာ မြင်ပေးရန် လိုအပ်ပြီး လက်ရှိအချိန်တွင် ဒုက္ခ ရောက်နေသူများအတွက် ကူညီမှု များကို လက်ခံရန်လိုအပ်ကြောင်း Myanmar Positive Group (MPG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
     အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားရပြီး အေအာရ်ဗီဆေးကုထုံး ခံယူနေသူများအတွက် အကူအ ညီပေးမှုများ မရရှိပါက ဆေးဝါး ပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုများ ကို ခံစားရကာ အေအိုင်ဒီအက်စ် အဆင့်သို့ အမြန်ဆုံးရောက်ရှိပြီး အစုလိုက်အပြုံလိုက် သေဆုံးမှု များဖြစ်ပွားနိုင်ကြောင်း MPG  ဥက္ကဋ္ဌကပြောသည်။
    ''အဖွဲ့အစည်းတွေ မရှိ၊ ၀န် ဆောင်မှုတွေ မရှိရင် ဒီလူတွေ အသက်ဆုံးရှုံးပါလိမ့်မယ်။ ရခိုင်ကလူတွေပဲ သေမှာ။ ဒီကာလမှာ အရေးပေါ် လာလုပ်ပေးနေတာ ဟာ အဖြေတစ်ခုမဟုတ်သေးပါ ဘူး။ ရှေ့ဆက်ပြီး ဘာလုပ်မလဲဆို တာ စဉ်းစားဖို့လိုမယ်"ဟု အထက် ပါပုဂ္ဂိုလ်ကပြောသည်။
    အရေးအခင်းဖြစ်ပွားစဉ် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် နောက်ဆက်တွဲ ဆေးဝါးကုသမှု ခံယူရမည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်လူနာ စုစုပေါင်း ၄၂၂ဦးရှိပြီး လက်ရှိ ဖြစ်ပေါ်လျက်ရှိသော နယ်မြေမတည်ငြိမ်မှုများကြောင့် လူနာများအတွက် အေအာရ်ဗီ ဆေးဝါးပြတ်လပ်မှုနှင့် ဆေးယဉ်ပါးမှုပြဿနာများဖြစ် ပေါ်လာနိုင်ကြောင်း (MPG) မှသိရှိရသည်။
    ပဋိပက္ခများ မဖြစ်ပွားမီက MSF (Holland) (နယ်စည်းမ ထားဆရာဝန်များအဖွဲ့-ဟော် လန်)က ဖွင့်လှစ်ထားသည့် သဇင် ဆေးခန်း(စစ်တွေ)တွင် အေအာရ် ဗီဆေးဝါးရယူနေသော လူနာ ၃၂၀ ဦး၊ သဇင်ဆေးခန်း(ဘူးသီး တောင်၊ မောင်တော)တွင် ၃၄၉ ဦး စုစုပေါင်း ၆၆၉ ဦးရှိကြောင်း သိ
ရသည်။ ''အခု ၂၉၅ ဦးကိုဆေးဝါးရရှိအောင် ကူညီပေးနိုင်နေပါပြီ"ဟု MPG ဥက္ကဋ္ဌကပြောသည်။
    ထို့အပြင် ဒေသခံများ၏ မကျေနပ်မှုများနှင့် မျိုးချစ်စိတ် ပြင်းထန်ခြင်းများကို မိမိတို့ လေး စားပြီး ဒေသခံများဘက်ကလည်း ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ အတွက် စဉ်းစားသင့်ကြောင်း ကူညီမှုများ ပြုလုပ်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းဟောင်းတစ် ဦးကပြောသည်။
    အဖွဲ့အစည်းများ ၀င်ရောက် ကူညီနိုင်မှု နည်းပါးသည့်အတွက် လက်ရှိ ဆောင်ရွက်နေသည့် စေ တနာ့ဝန်ထမ်းများအကြား လုပ် ငန်းပိုင်းဆိုင်ရာ မနိုင်နင်းမှုများနှင့် အလုပ်တွင်ကျယ်မှုကို ထိခိုက်လာသည်ကို တွေ့ရကြောင်း  MPG ဥက္ကဋ္ဌက ပြောသည်။
    ''ကာလကြာလာတော့ လူ နာကလည်း များလာတယ်။ စေတ နာ့ဝန်ထမ်းတွေလည်း ၀န်ထုပ်ဝန် ပိုးတစ်ခုလို ဖြစ်လာပြီး အလုပ် တွင်ကျယ်မှုကို ထိခိုက်လာတယ်။ စိတ်ကျမှုတွေဖြစ်လာတယ်။ စေ တနာ့ဝန်ထမ်းတွေဟာ စိတ်ပိုင်း ဆိုင်ရာ လူမှုအထောက်အပံ့တွေ အရေးတကြီးလိုအပ်နေပါတယ်"ဟုသူကပြောသည်။
    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ သည့် သာဓကသည် လူမှုရေးဆိုင် ရာအဖွဲ့အစည်းများအတွက် သင် ခန်းစာတစ်ခုကိုပေးခဲ့ပြီး နောက် ပိုင်းကာလများ၌ တိုင်းရင်းသား ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်း များ သွားရောက်လုပ်ကိုင်မည့် အဖွဲ့အစည်းများသည် ဒေသခံဝန်ထမ်းခန့်အပ်ခြင်း ဦးစားပေး ပြုလုပ်ရန် လိုအပ်လာကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။
    ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့များတွင် အရေးပေါ် အခြေအနေထုတ်ပြန်ထားသည်မှာ
နှစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး အရေးအခင်းများကြောင့် အိုးအိမ်မဲ့ဖြစ်သည့် ဒုက္ခသည်များအတွက် စခန်းများကား သံတွဲမြို့မှအပ ကျန်မြို့နယ်များတွင် ရှိနေဆဲဖြစ်သည်။
    ရခိုင်ပြည်နယ် စစ်တွေမြို့ ပေါ်တွင် ရခိုင်တိုင်းရင်းသားဒုက္ခ သည်များအတွက် စခန်းငါးခုနှင့်  မြို့ပြင်တွင် ဘင်္ဂါလီဒုက္ခသည်များ အတွက် စခန်းခြောက်ခုရှိသည်။
    ရခိုင်ဒုက္ခသည် စခန်းများ တွင် တိုင်းရင်းသားလူဦးရေ ၁၃၀၀၀ ခန့်ရှိပြီး ဘင်္ဂါလီ ဒုက္ခသည်ဦးရေမှာ ၅၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment