မဲဆောက်၊သြဂုတ် ၁၀
ရက်သတ္တ ၃ ပတ်ကြာမိုးသည်းထန်စွာရွာသွန်းခဲ
့သဖြင့် ယနေ့နံနက်ကစတင်ကာ ထိုင်း-မြန်မာနယ်ခြားသောင်ရင်ြး
မစ်ရေလျှံခဲ့ပြီး မြစ်အနီးနေထိုင်ကြ
သည့်ထိုင်းနှင
့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရ
ပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန
်းများရပ်ဆိုင်းထားရသည်။
မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ရှိအမှတ် ၁-၂-၃-၅ ရက်ကွက်များရှိပြည်သူအချို့ သောင်ရင်းမြစ်ရေလျှံ၍ ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ်ရာသို့တိမ်းရှောင် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရ
ပြီး ရေဘေးဒုက္ခသည်များအတွက် ခရိုင်တာဝန်ရှိသူများက အမှတ် ၂ ရပ်ကွက်နှင့်အမှတ် ၃ ရပ်ကွက်ရှိ ဓမ္မာရုံ ၂ ခုကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား
ပြီး ဆန်နှင့်ရိက္ခာခြောက်များဝေငှပေး
သည်ဟု ရေဘေးဒဏ်ခံရသူကိုသန်းဦးကပြောသည
်။
ထိုင်းဘက်ရှိဟွေ့မုတ်နှင့်ထာ့အာ
ရွာများတွင် မြစ်ရေလျှံမှုကြောင့် ရွာသားအချို့ဘေးလွတ်ရာတိမ်းရှော
င်ခဲ့ပြီး မြန်မာဘက်တင်ပို့မည့်ထိုင်းကုန်
စည်များထားသည့် ဂို ဒေါင်အချို့မြစ်ရေ၀င်ရောက်ခဲ့သြ
ဖင့် ဆုံးရှုံးမှုအချို့ရှိသည်ဟု အမှတ် ၂ လှေဆိပ်မှ ကုန်စည်ပို့ဆောင်ရေးမန်နေဂျာနို
င်ဆူချိုင်းကပြောသည်။
၎င်းက"ရေကြီးတော့ဘာမှလုပ်လို့မရတော
့ဘူး ဂိုဒေါင်ထဲကပစ္စည်းတွေကိုဘဲ ရေဘေးလွတ်အောင်လုပ်နေရတယ် ဗမာပစ္စည်းထိုင်းပစ္စည်းဘာမှပို့လ
ို့မရတော့ဘူး ရေကျမှဘဲအလုပ်ပြန်လုပ်လို့ရမယ်"
ဟုပြောသည်။ ထိုင်းကုန်သည်ကြီးများအသင်းက မြ၀တီတွင်ရေဘေးကယ်ဆယ်ရေးစခန်းမျ
ားသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့်စားသော
က်ကုန်များကို သွားရောက်လှူဒါန်းရန် ပစ္စည်းများထုတ်ပိုးနေသည်ဟု အဖွဲ့တာဝန်ရှိသူနိုင်ဝစ်ချိုင်း
ကပြောသည်။
ယခင်နှစ်ကအလားတူမြစ်ရေးကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့်
မြ၀တီဘက်တွင်ယာယီကယ်ဆယ်ရေးစခန်း
များဖွင့်လှစ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလ
ည်းရပ်နားခဲ့ရသည်။ မြ၀တီမြို့သည် အနောက်မှအရှေ့ ၃ မိုင် မြောက်မှတောင် ၇၃ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆၅၀တွင်တည်ရှိပြီး ရပ်ကွက် ၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၅ ခုနှင့် ကျေးရွာပေါင်း ၅၀ ရှိသည်။
No comments:
Post a Comment