Friday, August 10, 2012

ကိုယ်ပိုင်စတူဒီယိုနဲ့ ဖိုးကာ ရဲ့အကြောင်း

ဖိုးကာက သူ့ရဲ့နောက်ထပ် တစ်ကိုယ်တော် အိပ် မက် ၁၊ အိပ်မက် ၂အခွေ ကို သူ့ အိမ်ကကိုယ်ပိုင် စတူဒီ ယိုမှာ အသံသွင်းယူခဲ့တာဖြစ်ပါတယ်။ အိမ်မှာ ကိုယ်ပိုင် စတူ ဒီယိုလုပ်ဖြစ်ခြင်းအကြောင်းကိုလည်းဖိုးကာက …
“အဓိကကတော့ သီချင်းဆိုဖို့ပါ။ ကျွန်တော်က သီချင်းကို အိမ်မှာပဲ ဆိုချင်တယ်။ အဲဒါ ကြောင့် လုပ်ထားတာပါ။ ကျွန်တော့် အခွေလည်း အိမ်မှာ ပဲဆိုတာပါ”လို့ပြောတဲ့ ဖိုးကာကို အခုလက်ရှိ စတူဒီယိုကိုကော ဘယ်လိုတွေ တိုးချဲ့သွားဖို့ရှိမလဲဆိုတော့”သူငယ်ချင်းတစ်ယောက်ကတော့ စတူ ဒီယိုပစ္စည်းတွေအားလုံးဝယ်ထားတယ်။ ကိုယ် နဲ့ ပေါင်းလုပ်ဖို့ လည်းပြောထား တာရှိတယ်။ အဓိက ကနေရာအခက်အခဲဖြစ်နေတာ။ အမြဲ တမ်း တည်ရှိနိုင်တဲ့ နေရာမှ ကောင်းမှာ။ လောလောဆယ်တော့ ကျွန်တော့် အိမ်မှာပဲ အိမ်ပြန် ပြင်ဆောက်ပြီး လုပ်မယ်လို့တော့ စိတ်ကူးထားတာပဲ” လို့ပြောတဲ့ ဖိုးကာက သူဆိုထားပြီး ထွက်မလာသေးတဲ့ အခွေတွေ လည်း ရှိတယ်လို့ဆိုပါတယ်။ “ခုအခြေအနေက ထွက်ဖို့ ခက်နေတယ် ထင်တယ်။ အားလုံးလုပ် ပြီးသွားပြီ။ ထွက်မလာ နိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ အခုလထဲ မှာ ထွက်ဖို့တော့ များနေတယ်”လို့ ပြော လာတဲ့ ဖ
ိုးကာကို လက်ရှိကာလမှာ မမေးမဖြစ်မေး ခွန်းဖြစ်တဲ့ ဂီတအစည်းအရုံးရဲ့ကိစ္စတွေ အပေါ်မှာ ဖိုးကာရဲ့ အမြင်စကားကို အနည်းငယ် ဆက်မေးတော့…”ဘယ်နေ ရာအတွက် ပဲဖြစ်ဖြစ် ဂီတနဲ့ ပတ်သက်တဲ့ အကျုံးဝင်တဲ့ အလွှာမှန်သမျှကို ပေးပြီးတော့ ထားရမယ် လို့တော့ထင်တယ်။ ပြီးတော့ ကျွန်တော် တစ်ယောက် တည်း အနေနဲ့ အကြံပေးချင်တာပါ။ ဖြစ်နိုင်လား၊ မဖြစ် နိုင်လား သိပ်တော့ နားမလည်ပါဘူး။ လစာ တွေဘာ တွေနဲ့များ ဝန်ထမ်းတွေ အနေနဲ့ရ သွားရင် ပိုပြီးကောင်း မလားလို့ပါ။ စေတ နာ့ ဝန်ထမ်း ဆိုတာက ကိုယ့်မှာလည်း မိသားစု ရှိတဲ့အတွက် အချိန်ပြည့်တော့မဖြစ်နိုင်ဘူး။ သို့ လော၊ သို့လောလည်း တွေးနိုင်တယ်။ ဒီလူတွေက ပိုက်ဆံ မရဘဲ ဘာလို့ လုပ်နေ လဲ၊ ဘာ လို့မဖယ်တာလဲ အဲဒီလို တွေးစရာ၊ အငြင်းပွားစရာတွေဖြစ် လာနိုင်တယ်။ နောင် တစ်ချိန်မှာ အစည်းအရုံးနဲ့ ပတ်သက်ပြီးတော့ ရန်ပုံငွေ ပွဲ တွေ လုပ်ဖို့ တော့လိုမှာပေါ့။ အဓိကအကျဆုံး ကတော့ ဂီတသမားအားလုံး ကို စည်းရုံးနိုင် ပြီး အစည်းအရုံးကို အားကိုးချင်လာအောင် အစည်းအရုံးနဲ့ပဲ ပတ်သက်ပြီး လုပ်ဆောင်တာ မျိုး၊ စည်းစည်းရုံးရုံးဖြစ်တဲ့ ဟာမျိုးတော့ ဖြစ် သွားစေချင်တယ်”လို့ ဖိုးကာက အစည်းအရုံး နဲ့ပတ် သက်ပြီး ပြောပြ ခဲ့ပါတယ်။ရဲရဲ


No comments:

Post a Comment