Friday, August 10, 2012

အစာအိမ်ရောဂါကြောင့် ကနေဒါအိုးပင်း ပြိုင်ပွဲမှ အိုလံပစ် ငွေတံဆိပ်ဆုရှင် ရှာရာပိုဗာ နုတ်ထွက်

 
ကမ္ဘာ့ နံပါတ်နှစ် အဆင့်ရှိ   ရုရှား တင်း နစ်မယ် မာရီယာ ရှာရာ ပိုဗာ သည် အစာအိမ် ရောဂါေ ကြာင့် ကနေဒါ အိုးပင်း ပြိုင် ပွဲမှ  နုတ်ထွက် သွားပြီ ဖြစ်ကြောင်း ပွဲစီ စဉ် သူများ က သြဂုတ် ၈ ရက် တွင် ပြော ကြား ထား သည်။
အသက် ၂၅ နှစ်ရှိ အဆိုပါ ရုရှား တင်းနစ်မယ် သည်  အိုလံပစ် ပြိုင်ပွဲ ကာလ အတွင်း  ၄င်း ရောဂါကို ရရှိခဲ့ ခြင်းဖြစ် သည်။  ထို့ကြောင့် ကနေဒါ အိုးပင်း ပြိုင်ပွဲ ၌ မပါဝင် နိုင်ခြင်း ဖြစ် သည်ဟု ပြိုင်ပွဲမှ အုပ်ချုပ်မှု ဒါရိုက်တာ အုဂီနီလမ် ပီယားက ဝက်ဘ်ဆိုက် ပေါ်တွင် ထုတ်ပြန် သည့် ကြေညာချက် တစ်စောင် တွင် ပြောကြား ထားသည်။
ရှာရာ ပိုဗာ ပြိုင်ပွဲမှ  နုတ်ထွက် ခြင်းသည် မိမိ တို့၏ ပရိသတ် များနှင့် မိမိ တို့အားလုံး အတွက် စိတ်ဓာတ် ကျဆင်း မှုကို ဖြစ်ပေါ် စေသည့် အပြင် ပြိုင်ပွဲ အတွက် အားလျော့မှု တစ်ရပ်လည်း  ဖြစ်သည် ဟု အဆိုပါ ဒါရိုက်တာ က ပြောကြား ထားသည်။
ရှာရာ ပိုဗာသည် လန်ဒန် အိုလံပစ် အမျိုး သမီး တစ်ဦးချင်း တင်းနစ် ပြိုင်ပွဲတွင် ဆီရီနာ ဝီလီယံကို ရှုံးနိမ့် ခဲ့ခြင်းကြောင့်  ငွေ တံဆိပ်ဆု ကိုသာ ဆွတ်ခူး ရရှိခဲ့ ကြောင်း  သိရသည်။

No comments:

Post a Comment