Friday, August 10, 2012
မြန်မာ့လူမူ/စီးပွားရေးဘ၀ တိုးတက်ရေးအတွက် မောင်းနှင်အားတစ်ရပ်
ယနေ့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘာနှင့်မြန်မာနိုင်ငံတစ်ဝှန်းတွင် (Reform) ပြုပြင်ပြောင်းလဲရေး ဆိုသော စကားရပ်ကို ကျယ်ကျယ်လွင့်လွင့်ကြားသိနေရပေသည်။ ကုလသမဂ္ဂနှင့် ဒီမိုကရေစီနိုင်ငံကြီးများမှ လည်း မြန်မာနိုင်ငံ၏ အစိုးရနှင့် အာဏာရပါတီ အသိုင်းအ၀န်းအားပြုပြင်ပြောင်းလဲမူများ ပြုလုပ်ရန် တိုက်တွန်းလျက်ရှိပါသည်။ ပြည်တွင်းရှိ ပညာရှင်များ၊ နိုင်ငံရေး အင်အားစုများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေးကို တိုက်တွန်းလျက်ရှိပါသည်။ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ရလဒ်အရ NLD မှ အပြတ် အသတ်အနိုင် ရရှိသွားခဲ့ရာ ၄င်းကြားဖြတ် ရွေးကောက်ပွဲသည် လူထုဆန္ဒသဘောထား စစ်တမ်းအစစ် အမှန် (Public Opinion Poll) ဖြစ်သဖြင့် လက်ရှိအစိုးရနှင့် အာဏာရပါတီ အနေဖြင့်လည့် ပြုပြင်ပြောင်းလဲေ၇း ကို ဆောင်ရွက်ကြလိမ့်မည်ဟု ယူဆပါသည်။
         နိုင်ငံရေးကဏ္ဍတွင်တော့ စစ်ရေး၊ အစိုးရအုပ်ချုပ်ရေးယန္တရား၊ နိုင်ငံေ၇းစနစ်ဟူ၍ ကဏ္ဍ(၃) ခု ကိုတော့ အကြမ်းဖျဉ်းခွဲလိုပါသည်။ နိုင်ငံရေးစနစ်ကဏ္ဍကတော့ ပြုပြင်ပြောင်းလဲမူကြီး တစ်ခုကို အောင်မြင်စွာကျော်၍ ဒီမိုကရေစီစည်းဝိုင်းအတွင်းသို့  ၀င်ေ၇ာက်ခဲ့ပြီးဖြစ်ပါသည်။
         အစိုးရအုပ်ချုပ်ရေးယန္တရားမှာ အုပ်ချုပ်မူဏ္ဍတွင် အရေးကြီးဆုံးဖြစ်ပြီး ကဏ္ဍအားလုံးတွင်လည်း အရေးကြီးဆုံးဟုဆိုကောင်းဆိုနိုင်ပါသည်။ အုပ်ချုပ်ေ၇း၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာ(၃) ရပ်အနက် အုပ်ချုပ်ရေး အာဏာမှာ အကျိုးသက်ရောက်မူ အ၇ှိဆုံးဖြစ်၍ အုပ်ချုပ်ေ၇းအာဏာ၏ အကြီးအကဲသည် နိုင်ငံတော်၏ အကြီးမြင့်ဆုံးအထွတ်အထိပ် ပုဂ္ဂိုလ် သမ္မတလည်း ဖြစ်နေပါသည်။ သိုဖြစ်၍ နိုင်ငံသား/နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ အပါအ၀င် ပြည်သူ တစ်ရပ်လုံးမှ အုပ်ချုပ်ရေး ကဏ္ဍတွင် ပြုပြင် ပြောင်းလဲခြင်းအားဖြင့် မည်သို့ သော ရလဒ်ကို မျှော်မှန်းကြသနည်းဟု ဆိုလျှင် အောက်ပါရလဒ် ဖြစ်လိမ့်မည်ဟု ယူဆပါသည်။
         အဂတိတရားကင်းရှင်းပြီး ကောင်းသော လူမူစီးပွားဝန်းကျင် အခြေအနေကို ဖန်တီးပေးနိုင်သည့် ကောင်းမွန်သော အုပ်ချုပ်ေ၇းစနစ်။
         တကယ်တော့ အုပ်ချုပ်ရေးဆိုသည်မှာ ၀န်ဆောင်မူ (Service) တစ်ခုဖြစ်ပါသည်။ (Readers Digest) မဂ္ဂဇင်းတစ်အုပ်တွင် ဖတ်မိသည်မှာ ‘အကောင်းဆုံးဝန်ဆောင်မူ့ ဆိုသည်မှာ တောင်းဆိုမူ တစ်ခုအား တစ်နေရာတည်းတွင် ဖြစ်နိုင်သမျှ အစွမ်းကုန်ဆောင်ရွက် ပေးလိုက်ခြင်း ‘ ဟု အဓိပ်ပါယ်ဖွင့်ဆိုထားပါသည်။ ဆိုလိုသည်မှာ ဖြစ်နိုင်သမျှ တစ်ထိုင်တည်း တစ်နေရာတည်း ဆုံးဖြတ်ပေးခြင်း / ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။
         သို့ ဖြစ်ပါ၍ ပြုပြင်ပြောင်းလဲရေး (Reform) ဟု ဆိုသည့်အခါ အုပ်ချုပ်ရေးကဏ္ဍကို အဓိက ဆွေးနွေးရန်ဖြစ်လာသည့် နည်းတူ ဘာကိုပြင်ကြမလဲ၊ ဘာတွေဖြစ်ခဲ့ကြသလဲဆိုတာ အရေးကြီးလာပါသည်။
         (၁၉၈၈) ခုနှစ်တစ်ဝိုက် တိုင်းပြည်၏ စီးပွားရေးချွတ်ချုံကျလာချိန်တွင် မြန်မာ့နိုင်ငံရေး အုပ်ချုပ်ရေးတွင် ခောတ်စားလာသော စကားတစ်ရပ် ရှိပါသည်။ ထိုစကားရပ်မှာ ‘ လူကြီးတွေ အနေနဲ့  အဖြစ်မှန်းကို မသိဘူး၊ အောက်က အမှန် အတိုင်းမတင်ပြ၊ မပြောကြဘူး၊ လူကြီးကို ၀ိုင်းညာနေကြတယ် ‘ ဆိုသော စကားရပ်ဖြစ်ပါသည်။ ထိုစကားအုံးကို ကျယ်ကျယ်ပြန့် ပြန့် စတင် သုံးစွဲသည့် ခုနှစ်အား အတိအကျ မသိရသော်လည်း သေချာသည်မှာ (၁၉၈၈)ခုနှစ် အရေးအခင်းမတိုင်မီ ကာလအတွင်းတွင် ထိုစကားရပ်ကို တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိပါသည်။ ထိုစကားရပ်၏ နောက်ဆက်တွဲ အဓိပ်ပါယ်မှာ ‘ အခြေအနေမှန်ကို လူကြီးက မသိတော့ ဆုံးဖြတ်ချက်လွဲပြီး ယခုလို ဆုံးရူံးမူတွေနဲ့  ကြုံရသည် ‘ ဆိုသော အဓိပ်ပါယ်ဖြစ် ပါသည်။
တနည်းဆိုရသော် မအောင်မြင်သော အကြီးအကဲများအနေဖြင့် မိမိကိုယ်တိုင်တာဝန်မယူဘဲ လက်အောက် ခေါင်းဆောင်ငယ်များ (Subordinate Lieutenants) သို့  အပြစ်ပုံချလိုက်ခြင်း ဖြစ်ပါသည်။ “ လူကြီးကို အဖြစ်မှန်အား မတင်ပြသဖြင့် လူကြီးမှ အခြေအနေမှန်ကို မဆုံးဖြတ်နိုင်တာပေါ့’  ‘ မတင်ပြကြဘူးလေ “ စသဖြင့် အချို့ ကပြောကြပါသည်။ သို့ သော် ကျွန်တော်တို့  နိုင်ငံတွင် အများစုမှာ ဗုဒ္မ ဘာသာဝင်များ ဖြစ်ကြပါသည်။ ဗုဒ္မ၏ တွေးခေါ် မြော်မြင်မူ  ဒဿနမှာ အချုပ်အားဖြင့်  အကြောင်းကြောင့် အကျိုးဖြစ်သည် ဆိုခြင်းပင်။ ကလေးဘ၀ကာလပင် ကျွန်တော်တို့  ထိုဒဿနကို ‘ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်။ ဗျိုင်းနားလို့  ကိုင်းရတယ်။’ ဟူသော ကဗျားလေးဖြင့် သိခဲ့ရပါသည်။ လက်အောက်မှ ပုဂ္ဂိုလ်များအနေဖြင့် ‘ လူကြီးကို ဘာကြောင့် အမှန်အတိုင်းမတင်ပြကြသလဲ’ ဆိုသည့် ဘာကြောင့် Why  ဆိုသည့် စကားလုံးကို ဆက်တိုက် သုံးကာအဖြေရှာသွားရပါမည်။ အဖြစ်မှန်ကို မတင်ပြရဲသဖြင့် လည်းကောင်း၊ သေချာစွာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ လူကြီးများ၏ ခရီးစဉ်မှတ်တမ်းခေါ် Tour Notes များဖြင့် ညွှန်ကြားချက်များအပေါ် မလွန်ဆန်ရဲသဖြင့် လည်းကောင်း၊ ဖွံ့ ဖြိုးရေးအစီအစဉ်များကို ဆောင်ရွက်ရာမှ တိုင်းပြည်၏ ဘဏ္ဍာငွေ အများအပြား အလဟဿ ဖြစ်ခဲ့ရခြင်းများကို လွှတ်တော်တွင် ဆွေးနွေးချက်မှတစ်ဆင့် လည်းကောင်း၊ လက်တွေ့ ဖြစ်ရပ်များအရ လည်းကောင်းသိရှိရပါသည်။ သို့ သော် ထိုသို့ တင်ပြသဖြင့် တပ်မတော်အစိုးရ လက်ထက်နှင့် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် လုပ်ခဲ့သမျှ အားလုံးမကောင်းဟု မဆိုလိုပါ။ တချို့ လည်း ကောင်းပါသည်။ ကျွန်တော်တို့  ယနေ့ သုံးစွဲနေသော ရန်ကုန် - နေပြည်တော် - မန္တလေး လမ်းမကြီးအား စတင်ဖောက်လုပ်စဉ်က အပိုလုပ်ငန်းတစ်ခု ခမ်းနားကြီးကျယ်မူကို ပြလိုသော လုပ်ငန်း စီမံချက် (Project) တစ်ခုဟု အများက ယူဆကြသော်လည်းယခုပြီးစီးသည့် အခါ အလွန်တရာ အသုံးဝင်ကြောင်းကို မည်သူမျှ မငြင်းနိုင်ပါ။
         တစ်ချို့ လည်း ကောင်းတော့ကောင်းသည် အချိန်မတန်သေးပါ။ တစ်ချို့ လည်း ကောင်းတော့ကောင်းသည် လိုအပ်ချက်မဟုတ်ပါ။ လုပ်ငန်း စီမံချက်များမှာ ပြည်သူ့ ဘဏ္ဍာငွေဖြစ်သဖြင့် အလဟဿမဖြစ်လေ ကောင်းလေဖြစ်ပါသည်။ ဘဏ္ဍာငွေအလဟဿ ဆုံးရူံးမူ့ များသည် အများအားဖြင့် အထက်သို့ ပြန်လည် မတင်ပြရဲမူ၏ ဆိုးကျိုးရလဒ်များ ဖြစ်ပါသည်။
         နိုင်ငံတော် အစိုးရထိပ်ပိုင်းမှ တာဝန်ရှိသူများအနေဖြင့် အောက်ခြေမှ ပြန်လည်တင်ပြရဲစေရန် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပေးရသည်။ အောက်ခြေယန္တရားမှ တာဝန်ရှိသူများကို ပြောဆိုတင်ပြရဲစေရန် အတွက် ပြုပြင်ပြောင်းလဲနိုင်စေရန် ပတ်ဝန်းကျင်အသစ်ကို ဖန်တီးပေးရမည် ဖြစ်ပါသည်။ ၄င်းပတ်ဝန်းကျင် မရရှိဘဲ မဖန်တီးဘဲ ပြုပြင်ပြောင်းလဲရေးကို ထိရောက်အောင်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ပတ်ဝန်းကျင် အသစ်တွင် ပါဝင်ရမည့် အချက်မှာ
         ၁။ အဆင့်လိုက် လုပ်ပိုင်ခွင့်များအား ဥပဒေနှင့်အညီ သတ်မှတ်ပေးခြင်း။
         ၂။ အဆင့်(Level) တိုင်းတွင် ( Principle သို့ မဟုတ် စည်းမျဉ်းဥပဒေ) လွှမ်းမိုးစေခြင်း၊ အုပ်ချုပ်သူ တစ်ဦးတည်းထံတွင် လုပ်ပိုင်ခွင့် အားလုံးအပ်နှံမည့်အစား Balance of Power ဖြစ်စေခြင်းဖြင့် အလွှာလိုက် အုပ်ချုပ်ခံဝန်ထမ်းများကို လူ့ ဂုဏ်သိက္ခာရှိစွာ ရပ်တည်စေနိုင်ခြင်း ( Keeping of Dignity and honour) နှင့် မိမိကိုယ်တိုင် ဂုဏ်ယူစေတက်ခြင်း၊ အာဏာအလွဲသုံးစားမူ ( Abuse of Power) ကို တားဆီးနိုင်ခြင်း။
         ၃။ လူတစ်ဦးတစ်ယောက်၏ လူမူဘ၀ လုံခြံမူ ( Social Security) အား လူပုဂ္ဂိုလ်တစ်ဦး၏ အဆုံးဖြတ်ပေါ်တွင် မမှီတည်စေဘဲ စည်းမျဉ်းဥပဒေ အပေါ်တွင် မှီတည်စေခြင်းဖြင့် အကြောင်းတရား ပျောက်ကွယ်ကာ အုပ်ချုပ်သူနှင့် အချုပ်ခံ အကြား လေးစားမူ နှင့် အပြန်အလှန် ဒွန်တွဲရှင်သန်မူ  ဖြစ်ထွန်းရေး။
         ထို့ နောက် ပြုပြင်ပြောင်းလဲမူကို ဆောင်ရွက်သည့်အခါ အောက်ပါလုပ်ခန်းစဉ်များကို လုပ်ဆောင်ရန်
လိုပါသည်။
         ၁။ Decentralization ခေါ် ဗဟိုချုပ်ကိုင်မူ ဖြေလျော့ရေး။
         ၂။ ပြည်သူများအား ဖိနှိပ်မူဖြစ်စေသည့် ဥပဒေများ၊ လူထုအား ဖြေလျော့ပေးလိုသူ တာဝန်ရှိသူ အဆင့်ဆင့်အား မလိုလျှင် မလိုသလို ပစ်မလွဲ အရေးယူနိုင်သည့် အထွေထွေ ပြဌာန်းချက် ဥပဒေများအား ဖျက်သိမ်းပေးခြင်း။
         ၃။ အုပ်ချုပ်ရေး ယန္တရားအား အလွန်ကြီးသည့် အနေအထားမှ သေးငယ်၍ စွမ်းဆောင်ရည်ပြည့်ဝသည့်
ယန္တရားတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ရေး။
         ၄။ အုပ်ချုပ်ရေးတွင် ၀န်းထမ်းကေဒါများ မွေးမြူခြင်း။
         Decentralication  ခေါ် ဗဟိုချုပ်ကိုင်မူ ဖြေလျော့ရေး။
        Decentralization လုပ်သည်နှင့် တစ်ပြိုင်နက် လက်အောက်အရာရှိများမှ စီမံခန့် ခွဲမူ၊ ဆုံးဖြတ်မူများ ပြုလုပ်ရန် လိုအပ်လာပါသည်။ ၄င်းတို့ ၏ လုပ်ပိုင်ခွင့်များအား သက်ဆိုင်ရာဌာနအလိုက် ရုံးတွင်းအမိန့် များ၊ ဌာနတွင်း အမိန့် များ ထုတ်ပြန်၍ လည်းကောင်း သတ်မှတ်ပေးရပါသည်။
         ဗဟိုအပါအ၀င် အဆင့်မြင့်စီမံခန့် ခွဲရေး အာဏာပိုင်များအနေဖြင့် အသေးစိတ်များကို ၀င်ရောက်၍ စွတ်က်ရန်မသင့်ပါ။ ‘ အောက်အခြေအထိ ဆင်း၍ ကွပ်ကဲရန် ‘ ဆိုသည်မှာ ‘ အလုပ်တာဝန်ခွဲဝေ လုပ်ကိုင်မူနှင့် အဆင့်ဆင့် ကွပ်ကဲမူ ( Chain of command) ကို နားမလည်၍သာ ဖြစ်ပါသည်။ နိုင်ငံတော်၏ အကြီးဆုံးသော
Policy Makers များအနေဖြင့် အသေးစိတ်များ In details တွင် မနှစ်မြုပ်သင့်ပါ။ အစည်းအဝေးများတွင် အသေးစိတ် ကိစ္စများကို အောက်ခြေမှ ပုဂ္ဂိုလ်များနှင့် Decentralization  လုပ်ကာလွှဲပေးရပါမည်။ Policy Maker ခေါ် ဆုံးဖြတ်ချက်ချမှတ်သူ များအနေနှင့် အသေးစိတ်များတွင် မနစ်မြုပ်ဘဲ စဉ်းစားချိန် Leisure ကို လိုအပ်ပါသည်။ Leisure  အဓိပ်ပါယ်မှာ Time to think ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယနှင့် မြန်မာစစ်မြေပြင်တွင် ဂျပန်တို့ အား နှိမ်နင်းတိုက်ခိုက်ခဲ့သည့် ဗြိတိသျှစစ်သူကြီး ဖီးလ်မာရှယ်ဆာဝီယံဆလင်း က ၄င်း၏  ကျော်ကြားသော စာအုပ်ဖြစ်သည့် Defeat Into Victory တွင် wisdom come from leisureအသိပညာသည် အေးဆေးသက်တောင့်သက်သာစွာဖြင့် စဉ်းစားတွေးခေါ်ခြင်းမှ ဖြစ်ထွန်းလာသည်ဟူ၍ ဖော်ပြခဲ့ပါသည်။ ၄င်းအနေဖြင့် နံနက်တွင် အိပ်ရာထသည်နှင့် စစ်ဆင်ရေးခန်းသို့  သွားရောက်၍ ကြည့်ရူသည်။
နံနက်စာစားရင်းဖြင့် ဦးစီးအရာရှိကြီးများနှင့် လုပ်ငန်း ဆွေးနွေးသည်။ ထို့ နောက် နေ့ လယ်မတိုင်မီ ရုံးလုပ်ငန်းလုပ်သည်။ စစ်ကာလအတွင်း၌ပင် နေ့ လယ်တွင် ရုံး၌ အနည်းငယ်အိပ်ပါသည်။ နေ့ လည်တွင် နေ့ စဉ်တိုင်း ၀တ္ထုစာအုပ် တစ်အုပ်အားအမြဲဖတ်ရူပြီး ညနေတွင် အရာရှိတစ်ဦးနှင့် အမြဲတမ်း လမ်းလျှောက် ပါသည်။ ညတွင်လည်း အသေးအဖွဲ့  ကိစ္စများနှင့် ပတ်သတ်၍ အိပ်ရေးပျက်မခံပါ။ အိပ်ခါနီးတွင် စစ်ဆင်ရေး ခန်းမသို့ တစ်ကြိမ်ကြည့်ရူခဲ့ပါသည်။ ယနေ့ ကွပ်ကဲအုပ်ချုပ်မူဆိုင်ရာ အဆင့်မြင့်ရုံးကြီးများတွင် ဖြစ်ပေါ်နေသည်မှာ နေ့ မအိပ်၊ ညမအိပ်နှင့် Paper Works များနေခြင်းဖြစ်ပါသည်။ ထိုသို့  နေ့ မအိပ်၊ ညမအိပ် လုပ်နေသော်လည်း ကုန်ထုတ်လုပ်မူနှင့် ၀န်ဆောင်မူတွင် သိသာသော Result ကောင်းကျိုးရလဒ်နှင့် တိုက်ရိုက်ဆက်နွယ်မူကို မတွေ့ ရပါ။ အမှန်တော့ အစီရင်ခံစာ တင်ပြခြင်း၊ လက်အောက်သို့ ချပြခြင်း၊ မေးမြန်းစုံစမ်းခြင်း၊ အဆင့်ဆင့်တာဝန်ခံစေခြင်၊ အပေါ်မှသာ ဆုံးဖြတ်ခြင်းစသည် တို့ ဖြင့် Control ခေါ် ကြီးကြပ်မူ များနေခြင်းဖြစ်ပါသည်။ စာရေးသူငယ်စဉ်က ကြီးကြပ်မူနှင့် ကွပ်ကဲမူ Control and Command ဟူသော ဘာသာပြန် ဆောင်းပါးတစ်ပုဒ်ကို စစ်ပညာ ဂျာနယ်တွင် ဖတ်ဖူးပါသည်။ ကွပ်ကဲမူ Command  ကောင်းလျင် ကြီးကြပ်မူ Control လျော့နည်းသွားရသည်။ ကြီးကြပ်မူများ  Control များလာလျှင် ကွပ်ကဲမူ Commands ၌ ချို့ ယွင်းနေကြောင်း မှန်ကုန်ချက် တစ်ရပ်ကို ၄င်းဆောင်းပါးတွင် ဖေါ်ထုတ်သွားပါသည်။ ကွပ်ကဲမူ ကောင်းလာလျှင် အဆင်းတိုင်း၌ ကြီးကြပ်မူ အနည်းဆုံးဖြင့် လုပ်ဆောင်သွားနိုင်ပါသည်။ သို့ ပါ၍ ယနေ့ ရုံးကြီးများ၌ နေ့ မအား၊ ညမနားလုပ်နေရသည်မှာ လုပ်ငန်းပမာဏ Workload  ကပင်များနေသလား    ( သို့ မဟုတ်) ကြီးကြပ်မူ များကြောင့်လား ဆိုသည်ကို ဆန်းစစ်ရန်လိုအပ်ပါသည်။ ထိုစစ်ပညာ ဂျာနယ်ပါ ဆောင်းပါး၏  မူရင်း ရေးသားသူ ပညာရှင် ပုဂ္ဂိုလ်နှင့် တပ်မတော်တွင် စေတနာရှေ့ထား၍ ဘာသာပြန်ရေးသားခဲ့သူ ထိုစဉ်က ဗိုလ်ကြီး သန်းအေး D.S.A (17) တို့  နှစ်ဦးအား ဤဆောင်းပါးဖြင့် ဂါရ၀ပြုပါသည်)
         ပြည်မူများအပေါ် ကန့် သတ်ချုပ်ချယ်မူနှင့် ဖိနှိပ်မူဖြစ်စေသော ဥပဒေများအား ဖျက်သိမ်းခြင်း၊
         အလွန်အရေးကြီးသော ကိစ္စရပ်ဖြစ်ပါသည်။ ဥပမာပေးရပါက အများပိုင် ပစ္စည်းများအား ကာကွယ်စောင့်လျှောက်သော ဥပဒေပုဒ်မ အရပ်ခေါ်အားဖြင့် အပက(၃) ဥပဒေဖြစ်ပါသည်။ ဥပမာတစ်ခုပေးလိုပါသည်။ နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အိမ်ရာစီမံကိန်းတစ်ခုအား ပူးတွဲဖက်စပ် လုပ်ကိုင်ခဲ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်က နစ်နာမူရှိကြောင်း စုံစမ်းစစ်ဆေးခုံရုံးမှ တွေ့ ရှိချက်အရ အစိုးရမှရရှိသည့် အပိုင်းကို လျှော့ချ၍ ထိုလျှော့ချလိုက်သော အပိုင်းကို ပုဂ္ဂလိကသို့  အာဏာပိုင်အကြီးအကဲတစ်ဦးမှ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်ဆိုပါစို့ ။ ထိုပုဂ္ဂိုလ်ကြီးအာဏာ တည်မြဲနေချိန်တွင် မည်သို့ မျှ ပြဿနာမရှိသော်လည်း ထိုပုဂ္ဂိုလ်အား ကိစ္စရပ်တစ်ခုဖြင့် ဖမ်းဆီးအရေးယူသည့် အခါ ၄င်းအိမ်ရာစီမံကိန်းတွင် အစိုးရမှ လျှော့ချပေးသည့်ကိစ္စကို အပက(၃) ဥပဒေ ဖြင့် ဖော်ထုတ်စွဲချက်တင်၍ ပြစ်ဒဏ်တစ်ရပ်အနေဖြင့် ချမှတ်နိုင်ပါသည်။ သို့ ပါ၍  ပြည်သူအပေါ် သဘောကောင်းသော အစိုးရ အကြီးအကဲများအနေဖြင့် ၄င်းတို့ ၏   လိုက်လျောပျော့ပျောင်းသော ပြည်သူ့ ဗဟိုပြု (သို့ မဟုတ်)  ပုဂ္ဂလိက ရပိုင်ခွင့်အား အလေးထားဆုံးဖြတ်နိုင်ရန်အတွက် ထိုဥပဒေမှာ အခက်အခဲအဟန့် အတား Obstacles တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့ မှာ ကံကောင်းစွာဖြင့် ကိုလိုနီခောတ်၏အမွေ ကမ္ဘာတွင် ပြည့်ပြည့်စုံစုံနှင့် အကောင်းဆုံးစနစ်ဖြစ်သော ဗြိတိသျှ တရားဥပဒေအား အမွေရရှိခဲ့ပြီးဖြစ်သည်။ ၁၉၆၃ ခုနှစ် တောင်လှန်ရေး ကောင်စီလက်ထက် စတင်ပြဌာန်းသည့် တရားဥပဒေမှာ အထွေထွေပုဒ်မ ဖြစ်ပြီး အများပြည်သူပိုင် ပစ္စည်းငွေတန်ဖိုးတစ်ခုခု လျော့နည်းသွားပါက အစိုးရ၏   ခွင့်ပြုချက်အရ တရားစွဲဆိုနိုင်ပါသည်။ အစိုးရ၏   အာဏာအား အကန့် အသတ်မရှိ ခွင့်ပြုပေးသော တနည်းအားဖြင့် အာဏာကို အကန့် အသတ်မရှိ သုံးစွဲနိုင်သော ဥပဒေတစ်ရပ်ဖြစ်ပါသည်။
         ထိုအတူ မြန်မာနိုင်ငံရှိ HIV,AIDS တိုက်ဖျက်ရေးအဖွဲ့ များနှင့် ပြောဆိုဆွေးနွေးရာတွင် မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ နှိပ်ကွတ်ရေး ဥပဒေအရ အစွတ်စွဲခံရသူ မိန်းခလေးတစ်ဦးတွင် အကာကွယ်ပစ္စည်း Condomတစ်ခုတွေ့ ရှိပါက သက်သေခံ ပစ္စည်းအဖြစ်တင်သွင်းကာ ပြည့်တန်ဆာ ဥပဒေအဖြစ် အရေးယူခံရနိုင်သည် ဆိုသော အချက်ဖြစ်ပါသည်။ ထိုကဲ့သို့ သော လုပ်ထုံးလုပ်နည်းမှာ အမျိုးသားကျန်းမာရေးအတွက် အဟန့် အတားဖြစ်သဖြင့် ဥပဒေသာမက လုပ်ထုံးလုပ်နည်းများ နည်းဥပဒေများ ပြင်ဆင်သင့်ပါသည်။
         နောက်တစ်ချက်မှာ ငြိစွန်းနေသော ဥပဒေများ၊ ညွှန်ကြားချက်များဖြစ်သည်။ ပါရာစီတမော့ကဲ့သို့ သော ဆေးများမှာ ဆရာဝန်အညွှန်းမလိုသော အိမ်သုံးစားပွဲတင်ဆေးများဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဍမှ ထုတ်လုပ်ဖူးသည်။ ကျန်းမာရေးဝန်ကြီးဌာနမှ စစ်ဆေး၍ ခွင့်ပြုချက်ပေးသည်။ သို့ သော် စက်မူ(၁) ၏   လုပ်ငန်းလိုင်စင်အရ ထုတ်ခွင့်မရကြ။ အပြင်တွင် တရုတ်၊ ဗီယက်နမ်မှ ပါရာစီတမော့များဝင်နေသည်။ မိမိနိုင်ငံသား အလုပ်အကိုင် ဆုံးရူံးရသည်။ ဤဈေးကွက်မှာ မသေးလှပါ။ တိုင်းပြည်ရှိ ဓါတုဗေဒဘွဲ့ ရ အလုပ်လက်မဲ့များအတွက် များစွာ အဆင်ပြေနိုင်သည်။ သို့ သော် စက်မူ(၁) နှင့် ကျန်းမာရေး ဘယ်သူမှန်သည်မသိ။ ဆေးဝါးလုပ်ငန်းများကတော့ ရပ်ထားရသည်။ ထိုကဲ့သို့  ငြိစွန်းနေသော ဥပဒေများကိုလဲ
ရှာဖွေ ဖေါ်ထုတ် ပြုပြင် အဖြေရှာသွားရပါမည်။
         အစိုးရယန္တရားအား အလွန်ကြီးသော ယန္တရားမှ သေးငယ်၍ စွမ်းဆောင်ရည်ပြည့်ဝသော ယန္တရားအဖြစ် အသွင်ပြောင်းရေး
        အစိုးရ၏   လိုလားချက် ညွှန်ကြားချက်များအား အကောင်အထည်ဖေါ်ရမည်မှာ ၀န်ထမ်းများ ဖြစ်ပါသည်။ ၀န်ထမ်းအနေဖြင့် လစာ ၀င်ငွေနည်းပါးပါက အစိုးရ၏  ထုတ်ပြန်သော အမိန့် များထဲတွင် ကန့် သတ်ချက်၊ တားမြစ်ချက်ပါဝင်လျှင် ၄င်းအမိန့် ကို လက်နက်သဖွယ် သုံးကာ ၀မ်းစာရေးအတွက် ထိုမှတဆင့် လောဘတက်ကာ စီးပွားရေးအတွက်ကျူးလွန်ပါတော့သည်။ ကျွန်တော့်အနေဖြင့် ၄င်းအချက်ကို နှစ်ပေါင်းများစွာ သုတေသနပြုလာခဲ့သူ ဖြစ်ပါသည်။ နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသမှ မှောင်ခိုကုန်များကို
တားစီးရေးအတွက် ယခင်လမ်းစဉ်ပါတီ အစိုးရ လက်ထက် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။ ၄င်းကုန်ပစ္စည်းများမှာ ဈေးကွက်၏  တောင်းဆိုမူ့ ရှိသဖြင့် တားစီး၍မရပဲ နည်းမျိုးစုံဖြင့်ပင် စားသုံးသူများထံသို့  ထိုတာဝန်ရှိသူများကိုပင် ဖြတ်၍ရောက်လာခဲ့ပါသည်။ ညွှန်ကြားချက်များ မအောင်မြင်ခဲ့ပါ။ သို့ ပါ၍ အစိုးရ၏   အမိန့် အာဏာနှင့် ညွှန်ကြားချက်များအား အကောင်အထည်ဖေါ်ရမည့် ၀န်ထမ်းအဖွဲ့ အစည်းမှာ အရေးကြီးလှပါသည်။ ထို့ အပြင် ၀န်ထမ်းထု ဖေါင်းပွနေခြင်းမှာလည် မဖြစ်သင့်ပါ။ ကျွန်တော်တို့  မြန်မာနိုင်ငံတွင် ၁၉၇၀ ပါတ်ဝန်းကျင်အထိ ကျေးရွာ အုပ်စုတစ်စုတိုင်း မူလတန်းကျောင်း တစ်ကျောင်းရှိသည် မဟုတ်ပါ။ ယခုတော့ ကျေးရွာအုပ်စုထဲရှိ ကျေးရွာတိုင်းမှာပင် မူလတန်းကျောင်း တစ်ကျောင်းရှိလာပါသည်။ ဆင်းရဲနွမ်းပါးသော ကျေးရွာများအတွက် ကောင်းပါသည်။ သို့ သော် မြို့ များတွင် တက်နိုင်သူများရှိပါက တက်နိုင်သလို တက်ရောက်ရန် ပုဂ္ဂလိက ကျောင်းများလည်း များများရှိရန်လိုပါသည်။ တပ်မတော်အစိုးရ လက်ထက်တွင်မှ မန္တလေးမြို့ ရှိ ကျောင်းတစ်ကျောင်းတွင် ပြောကြားခဲ့သည်မှာ ‘န၀တ အစိုးရကဲ့သို့  ကမ္ဘာပေါ်
တွင် မည်သည့်အစိုးကမျှ ပညာရေးတွင် တာဝန်ယူခြင်းမျိုးမရှိ ‘ ဟု ဂုဏ်ယူစွာ ပြောကြားခဲ့ပါသည်။ ပုဂ္ဂလိက၏   ကဏ္ဍကို ထည့်သွင်းစဉ်းစားခြင်း မပြုပါ။ ယခုရက်ပိုင်းအတွင်းမှာပင် ထိုင်းအစိုးရမှ ကျောင်းသားများအားLaptop, Computer များ အခမဲ့ တပ်ဆင်ပေးရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်လုပ်ဆောင်လျှက် ရှိပါသည်။ မူလတန်းမှ စတင်ဆောင်ရွက်ပါမည်။ စတင်တပ်ဆင်သင့်သည့် အတန်းကို သတ်မှတ်ရန် ဆွေးနွေးနေပါသည်။ ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကကျောင်း အမျိုးစုံရှိပါသည်။ စာရေးသူဆိုလိုသည်မှာ ပညာရေးကို ပုဂ္ဂလိကမှ တာဝန်ယူရန်ဆိုသည့် အပိုင်း၌ အစိုးရမှ လုံးဝဖယ်ရန်ဟု မဆိုလိုပါ။ လက်ရှိ ဘတ်ဂျက်သုံးစွဲမူ့ ကိုလည်း  လျော့ရန်မသင့်ပါ။ အိမ်စောင့်အစိုးရလက်ထက် ဖေါ်ထုတ်သော ရန်ကုန်ဆင်ခြေဖုံး မြို့သစ်များမပါ မြို့ တွင်းကျောင်းများတွင် မှတ်မှတ်ရရ မှာ လသာ အထက(၁) ဗြိတိသျှ အစိုးရ၏   ရန်ကုန်မြို့ တွင် ပထမဆုံးသော အစိုးရအထက်တန်းကျောင်း ဖြစ်ပါသည်။ ကျန်သောကျောင်းများမှာ သာသနာပြုကျောင်းများနှင့် မြို့ မ အမျိုးသား အထက်တန်းကျောင်း( ဒဂုံ (၂)) တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်
မစ်ရှင်သာသနာပြုများသည် ခရစ်ယာန် သာသနပြန့် ပွားရန် ရည်ရွယ်၍ သာသနာပြုကျောင်းများကို နိုင်ငံအ၀ှမ်း ဖွင့်လှစ်ခဲ့ပါသည်။ သို့ သော် အချို့ သာ ခရစ်ယာန်ဘာသာဝင်များအဖြစ် ကူးပြောင်းခဲ့ကြပါသည်။ ယခင်ကိုးကွယ်ခဲ့သည့် ဗုဒ္မဘာသာကိုပင် ဆက်လက်ယုံကြည်ခဲ့ပါသည်။ ထိုကိစ္စနှင့်ပါတ်သက်၍ ရန်ကုန်ရှိသာသနာပြုကျောင်း တစ်ကျောင်းမှ ဗြိတိသျှ ကျောင်းအုပ်ကြီး တစ်ဦး၏  သားဖြစ်သူ ပညာရှင်တစ်ဦးနှင့် ရန်ကုန်မြို့ တွင် ဆုံတွေ့ ခဲ့ပါသည်။ ၄င်းမှာ ပါရဂူဘွဲ့ စာတမ်းတစ်ခုကို ပြုစုနေပြီး ကျမ်း၏   အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် မစ်ရှင်ကျောင်းများစွာ တည်ထောင်ပြီး မြန်မာအများစုအား ပညာတက်များ ဖြစ်သွားစေခဲ့သော်လည်း ထင်သလောက် ခရစ်ယာန်ဘာသာဝင်များ မဖြစ်ခဲ့ခြင်း၏   အကြောင်းကို စာတမ်းပြုစုရန်ဖြစ်ပါသည်။ ကျွန်တော်မှ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားတွင် စိန်ပေါလ် ကျောင်းသားများ၏   တံမြတ်စည်းလှည်းအသင်းပင်ရှိကြောင်း အံ့သြဖွယ်ရာ တွေ့ မြင်ရမည်ဖြစ်ကြောင်း ယဉ်ကျေးမူအခြေအခံ မြင့်မားပါက ယဉ်ကျေးမူအသစ် ဘာသာအသစ်တစ်ခုအနေဖြင့် ထိုးဖေါက်ရန် မလွယ်ကူကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် လွပ်လပ်ရေးရသည်အထိ ပုဂ္ဂလိက စာသင်ကြောင်း ဥပဒေမရှိခဲ့ပါ။ (၁၉၅၇)ခုနှစ်ခန့် ဟု ခန့် မှန်းပါသည်။ ဥပဒေ ပေါ်လာပါသည်။ ယခု တပ်မတော်အစိုးရမှ ဒီမိုကရေစီ အစိုးရသို့  တာဝန်လွှဲခါနီးတွင်း ပုဂ္ဂလိက စာသင်ကြောင်း ဥပဒေရေးစွဲခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့ တွင် ဥပဒေဖြစ်လာပါသည်။ ထိုဥပဒေ၏  ပုဒ်မ(၁၆) နှင့် ပုဒ်မ (၃၀) ပါ အချက် (၂)ချက်ကို ဖေါ်ပြလိုပါသည်။
         “၁၆ မည်သည့်ကိုယ်ပိုင်ကျောင်းမဆို အောက်ပါအချက်များလိုက်နာရမည်-
         (က) ------------------------------------------------
         (ဓ) ဘာသာရေးဆိုင်ရာ သင်ခန်းစားများကို သင်ကြားပို့ ချခွင့် မပြုခြင်း” ။
         “(၃၀) မည်သူမျှ သင်ကြားရမည့် ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး (သို့ မဟုတ်) ဘာသာရေးဆိုင်ရာအကြောင်းအရာများကို ကိုယ်ပိုင်ကျောင်းများတွင် ဟောပြောခြင်း (သို့ မဟုတ်) ပို့ ချခြင်း မပြုရ”
         မြန်မာ့ယဉ်ကျေးမူနှင့် ဘာသာရေးမှာ ခွဲခြား၍မရပါ။ အရေးကြီးသည်မှာ ဘာသာရေးနှင့် အုပ်ချုပ်ရေးကို မရောထွေးစေရန်သာ ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမူနှင့် ဗုဒ္မဘာသာမှာ ခွဲခြား၍မရကောင်းသော ကိစ္စဖြစ်ပါသည်။ ( အခြားဘာသာကိုးကွယ်သူများအတွက် မရည်ရွယ်ပါ) ငါးပါးသီလ၊ မင်္ဂလသုတ်နှင့် လောကနီတိသည် လောကီလူ့ အဖွဲ့ အစည်း၏ အခြေခံဖြစ်ပါသည်။ မဟော်သဓာ ဇာတ်တော်သည် ပညာ၏ ကြီးမြင့်ခြင်းကို လည်းကောင်း၊ ဘူရိဒတ် ဇာတ်တော်သည် သည်းခံခြင်းကို လည်းကောင်း၊ ဝေသန္တရာ ဇာတ်တော်သည် လူမူအကျိုးပြုဝါဒ၊ သုဝဏ္ဏသာမသည် သား၊ သမီးတို့ ၏ ကျင့်ဝတ် အစရှိသဖြင့် ထင်ရှားလှရာ သုဝဏ္ဏသာမ ဇာတ်တော်ကို မသင်ကြားရပါက အနောက်တိုင်းကဲ့သို့  သက်ကြီးရွယ်အို လူမူဖူလုံရေး စနစ်ကို ကောင်းကောင်းတည်ဆောက်ထားမှသာ ကျွန်တော်တို့ ၏ အနာဂါတ်အတွက် စိတ်ချရပါတော့မည်။ ဤလူမူ တန်ဖိုးများသည် မြန်မာတို့ ၏ ယဉ်ကျေးမူ အခြေခံများ ဖြစ်ကြလေရာ ဘုန်းကြီးကျောင်းများ အနေဖြင့် စာသင်ကျောင်းထူထောင်ပါက ထိုဥပဒေနှင့်  ငြိစွန်းရပေတော့မည်။ အုပ်ချုပ်ရေးနှင့် နိုင်ငံရေးကို မရောယှက်လိုပါက ဥပဒေတွင် ယခုထက်ပို၍ ရှင်းလင်းစွာ ရေးသားသင့်ပါသည်။ ယဉ်ကျေးမူ၏ အခြေခံ  ဗုဒ္မဘာသာနှင့် ဘုန်းကြီးကျောင်းပညာရေးကို မထိခိုက်စေလိုပါ။ တကယ်တော့ ကိုလိုနီမဖြစ်မီ မင်းတုန်းမင်းအထိ ကင်းဝန်မင်းကြီးအပါအ၀င် အားလုံး ဘုန်းကြီးကျောင်းသားများပင်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် နိုင်ငံ့သူရဲကောင်း အများစုမှာ ဘုန်းကြီးကျောင်း အခြေခံပညာရေးရှိခဲ့ပါသည်။ ဘုန်းကြီးကျောင်းများတွင် တရားဝင်ကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် ဆရာပြဿနာ၊ ကျောင်းအဆောက်အဦး ပြဿနာ လျော့နည်းက တိုင်းပြည်၏ လူမူရေးနှင့် ယဉ်ကျေးမူကိုပါ ထိန်းသိမ်းစောင့်ရှောက်နိင်သည့် အခွင့်အရေး ရရှိပါမည်။ သို့ ပါ၍ ‘ဘာသာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ ချခွင့်မပြုအစား မေတ္တာတရားအခြေခံသော ဘာသာရေး၊ ကိုယ်ကျင့်တရား၊ အဆုံးအမတို့ အား သင်ကြားရမည်’ ဟူသော အစရှိသည့် ခြွင်းချက်ဖြင့် ခွင့်ပြုသင့်ပါသည်။ ဥပဒေပြုအမတ် (ပြည်သူ့ ကိုယ်စာလှယ်) များအနေဖြင့် ၄င်းဥပဒေပြင်ဆင်ရေးကို ဆွေးနွေးသင့်သည်ဟု ယူဆပါသည်။ ပုဂ္ဂလိက ကျောင်းများအတွက် ဥပဒေတွင် အကန့် အသတ်များကို ဖယ်ရှားပါက (သို့ မဟုတ်) လွပ်လပ်ရေးခေတ်ဦးအထိ ပုံစံအတိုင်း ဥပဒေမရှိဘဲ ညွှန်ကြားချက်များဖြင့် ကျောင်းများဖွင့်ခွင့် ပြုပါက အစိုးရ၏ မနိုင်ဝန်တွင် လျော့ကျသွားနိုင်ပါသည်။ ရရှိလာမည့် အကျိုးကျေးဇူး များမှာ (၁) အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်း နိုင်ခြင်း (၂) ကျောင်းဆရာ (အငြိမ်းစား) ထူးချွန်များတွင် ၄င်းတို့ ၏ အရည်အသွေးတိုးမြင့်ရန် ကြိုးစားလာကြမည်ဖြစ်ခြင်း၊ (၄) ဆရာနှင့် ကျောင်းသား အချိုးကောင်းလာမည်ဖြစ်ခြင်း၊ (၅) ယောက်ျားလေး ကျောင်းသားများအတွက် စာရိတ္တစံနမူနာပြ ယောက်ျား ကျောင်းဆရာများ ပြန်လည်ပေါ်ပေါက်နိုင်ခြင်း၊ (၆) ဆရာနှင့် ကျောင်းသားအချိုးကောင်း၍ ကျူရှင်ပျောက်သွား နိုင်ခြင်း။ (၇) ကျူရှင်ပျောက်ကွယ်ပါက ကာယညဏ ဘက်စုံဖွံ့ ဖြိုးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရပါမည်။
         ပုဂ္ဂလိကအပိုင်း အောင်မြင်လာသည်နှင့် အမျှ အစိုးရ၏ ၀န်ထုတ်ဝန်ပိုးကျဆင်းကာ ဘတ်ကျက်လိုငွေ ပပျောက်ပြီး စီးပွားရေးအခြေခံ ကောင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။ ‘ ပုဂ္ဂလိက ပညာရေးကို ဖွင့်ကားဖွင့်၏ ကန့် သတ်ချက်တွေ အများကြီးနှင့် ‘ ဆိုတာမျိုးကိုတော့ မဖြစ်စေချင်ပါ။ အစိုးရအနေဖြင့် သင်ခန်းစာပြဌာန်းခြင်း ကိစ္စနှင့် မူလတန်းနှင့် အလယ်တန်းပြီးဆုံးချိန်တွင် ဘုတ်အဖွဲ့ ဖြင့် စံသတ်မှတ်၍ စာမေးပွဲစစ်ဆေးခြင်း တို့ မှာ ကျွန်တော်တို့ ငယ်စဉ်က ကျင့်သုံးခဲ့ပါသည်။ ရန်ကုန်မြို့ တွင် စင်ကာပူ သင်ရိုးညွှန်းတမ်းဖြင့် သင်သည်ဟူသော နိုင်ငံခြားကျောင်းခွဲများ၏ ကြော်ငြာများကို မရူတ်ချလိုသော်လည်း မြန်မာစာပေနှင့် မြန်မာ့သမိုင်းကို မသင်ကြားလျှင့်ဖြင့် ထိုကျောင်းထွက်ကလေးများသည် အနာဂတ်မြန်မာနိုင်ငံရေးခေါင်းဆောင်များ၏ အရည်အသွေးရှိမည်မဟုတ်ဟု ယူဆပါသည်။ (မှတ်ချက်။ ထိုကလေးများမှာ နိုင်ငံစီးပွားရေး၏ ခေါင်းဆောင်ကောင်းများတော့ ဖြစ်နိုင်ပါသည်။ ) ထိုနိုင်ငံတကာကျောင်းများကို ဤဥပဒေအတွင်း သွင်းမလား (သို့ မဟုတ်) အသိအမှတ်ပြုမလား။ အသိအမှတ်မပြုလျှင် ထိုဆရာများကို အရေးယူမလား စသည်တို့ ကို စာရေးသူလည်း ရှင်းလင်းစွာ မသိသေးပါ။
         တိုင်းပြည်၏ ပညာရေးပြုပြင်ပြောင်းလဲမူနှင့် ပတ်သက်၍ အထက်တန်းပညာသင်ကြားရေးမှာလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။ စီမံခန့် ခွဲသူများကို သိစေလိုသည်မှာ ဗြိတိသျှ စွယ်စုံကျမ်းတွင် တရုတ်ပြည်၏ ပညာရေးကဏ္ဍ၌ ရေးသားထားသည်မှာ ‘ံHigher education is not for all ‘ အထက်တန်း ပညာရေးသည် လူတိုင်းအတွက် မဟုတ်ဟူ၍ ဖြစ်ပါသည်။ အခြေခံပညာရေးကဏ္ဍ၌ မြန်မာအပါအ၀င် တစ်ကမ္ဘလုံးအနေဖြင့် Basic education is for all ‘ အားလုံးအတွက် အခြေခံပညာရေး’ ဆိုသည်မှာ လုံးဝမှန်ကန်ပါသည်။ အထက်တန်းပညာရေး အတွက် တိုင်းပြည်တွင် မူဝါဒ အတိအကျရှိ / မရှိ ကို ကျွန်တော်မသိပါ။ အသက်မွေးဝမ်းကျောင်း ပညာရေးကို ဦးတည်သည်ဟု  ကြားဖူးသော်လည်း လက်တွေ့ တွင် ‘ အသက်မွေးဝမ်းကျောင်း ခြင်းမပြုနိုင်ကြောင်း’ တွေ့ ရပါသည်။ တက္ကသိုလ်ပညာရေး အဆင့် နိမ့်ကျသွားမူကိုတော့ အထူးပင် မပြောကြားလိုပါ။  အားလုံးသိပြီးဖြစ်ပါသည်။ စိုက်ပျိုးရေးနိုင်ငံ/ မွေးမြူရေးနိုင်ငံဆိုသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတွင် တက္ကသိုလ် တစ်ခုစီသာရှိကြောင်း တွေ့ ရှိရပါသည်။ စာရေးသူ၏ အကြံပြုချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
         ၁။ ၀ိဇ္ဇာ/သိပ္ပံ ဘာသာရပ်သင် တက္ကသိုလ် များသည် အသုံးချသိပ္ပံခေါ် နည်းပညာကို သင်ကြားခြင်း မဟုတ်ပါ။ လူမူရေး သိပ္ပံနှင့် သဘာဝ သိပ္ပံပညာ၏ မှန်ကန်ချက်များကို ဖော်ထုတ်ရန်ဖြစ်သည်။
         (၂) လူသားများအနေဖြင့် ဘ၀တွင် ရှင်သန်ရေးအတွက် လူမူရေး သိပ္ပံနှင့် သဘာဝ သိပ္ပံ၊ သင်္ချာ၊ စီးပွားရေးတို့ ကို အခြေခံပညာအဆင့်အထိ တက်ရန်လိုအပ်သည်။ သို့ ဖြစ်ပါ၍ အခြေခံပညာသင်ကြားရေး ကဏ္ဍအတွက် ၀ိဇ္ဇ / သိပ္ပံတက္ကသိုလ်များမှ အခြေခံပညာ ဆရာ/ဆရာမများ မွေးထုတ်ပေးရန် တာဝန်ရှိသည်။
ရှေ့တစ်ပတ်ဆက်ဖတ်ပေးပါရန်
                                                                                                                             ကို (မန္တလေးတက္ကသိုလ်)
No comments:
Post a Comment