Friday, August 10, 2012

"ရခိုင်ပြည်နယ် သုံးမြို့နယ်မှ ကျောင်းသား ရှစ်သောင်းကျော် ပညာသင်ယူ ခွင့် ဆုံးရှုံးနေ"

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များရှိ အခြေခံ ပညာ ကျောင်းပေါင်း ၄၆၂ ကျောင်း ပြန်လည် ဖွင့်လှစ်နိုင်မှု မရှိသေးခြင်း ကြောင့် ကျောင်းသား ၊ ကျောင်းသူ ၈ဝဝဝဝ ကျော် ပညာရေး ဆုံးရှုံးနေရကြောင်း ရခိုင် အမျိုးသား ကွန်ရက်မှ ရရှိသည့် စာရင်းများအရ သိရသည်။
ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ''လုံခြုံရေး အရပြန် လည် မဖွင့်နိုင်သေးဘူး ဆိုတဲ့ စာရွက်တွေကို မြို့နယ် ကျောင်း အချို့တွေမှာ ကပ်ထား တာတော့ တွေ့ရပါတယ်'' ဟု ပြောသည်။
ရခိုင်ပြည်နယ် ပညာရေး ဌာနမှ ၄င်းတို့ ကွန်ရက် ရရှိခဲ့သည့် စာရင်းများ အရ မောင်တော တစ်မြို့နယ်တည်း တွင်ကျောင်းသား၊ ကျောင်းသူပေါင်း ၇၈၃ဝ၄ ဦး ပညာရေး ဆုံးရှုံးနေရသည်ဟု ၄င်းက ပြောသည်။ အခြေခံပညာ မူလတန်းကျောင်း ၁၄၃ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်း ၅ ကျောင်း ရှိသော မောင်တောမြို့တွင် ယနေ့အချိန် အထိ စာသင်ကျောင်း တစ်ကျောင်းမှ မဖွင့်လှစ်နိုင်သေးဘဲ ကျောင်းသား ၊ ကျောင်းသူ များမှာ ကယ်ဆယ်ရေး စခန်း တို့တွင်သာ နေထိုင်နေကြ ရသည်ဟု ၄င်းကပင် ထပ်မံဆိုသည်။
ရခိုင် အမျိုးသား ကွန်ရက် အဖွဲ့ဝင် တစ်ဦးက ''ဆရာ၊ ဆရာမတွေ မှာလည်း သူတို့ရဲ့လုံခြုံမှု အရ တချို့ဆို လုံးဝ ကျောင်းမလာရဲ ကြသလို ကလေး မိဘတွေက လည်း စိုးရိမ်ပြီး မပို့ကြဘူး ဖြစ်နေတယ်''ဟု ပြောသည်။
ဘူးသီးတောင်တွင်မူ စစ်တပ် နယ်မြေ အနီးရှိ စာသင်ကျောင်း ၁ဝ ကျောင်း သာ ဖွင့်နိုင်သေးပြီး၊ကျန် ၁၄၉ ကျောင်းမှာမူ မဖွင့်နိုင်သေးကြောင်း၊ ထို့အတူပင် ရသေ့တောင် ရှိ စာသင် ကျောင်း ၁၆၇ ကျောင်းမှ ၁၃ကျောင်း သာ ဖွင့်နိုင်သေးသည်ဟု ရခိုင် အမျိုးသား ကွန်ရက်မှ သိရသည်။
စာသင်ကျောင်းများ၏ စာရင်းကို ၄င်းတို့၏ ကွန်ရက်အဖွဲ့မှ ရခိုင် ပညာရေး အဖွဲ့ထံ တောင်းခံထားပြီး မောင်တောရှိ မီးလောင် ပျက်စီးခဲ့သည့် စာသင်ကျောင်းနှင့် ဆရာ၊ဆရာမ အဆောင်များ ပြန်လည် ပြုပြင်မှု တွင် ထောက်ပံ့ကူညီမှုနှင့်   ကျောင်းသား၊ ကျောင်းသူများအား ပံ့ပိုးပေးခြင်း များ ကို ဆောင်ရွက် သွားမည်ဟု ကွန် ရက် တာဝန်ရှိသူက ထပ်မံပြောသည်။
ရခိုင်ပြည်နယ်တွင် ဇွန်လ အတွင်း အကြမ်းဖက်မှု ဖြစ်ပေါ် ခဲ့သဖြင့် အခြေ အနေ အရပ်ရပ် ထိန်းသိမ်းနိုင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့မှ ၂ဝ၁၂ ဇွန် ၁ဝ ရက်တွင် ပြည်နယ် တစ်ခုလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။
ကယ်ဆယ်ရေး စခန်းများကို စစ်တွေမြို့တွင် စခန်း ၆ဝ၊ ရသေ့တောင်တွင် စခန်း လေးခုနှင့် မောင်တောတွင် စခန်း ခုနစ်ခု ဖွင့်လှစ်ထားကြောင်း ၊ ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ထုတ်ပြန်ခဲ့သည်။PN-051၊ သုတလင်း
(Popular News Journal)

No comments:

Post a Comment