လက်နက်များကိုယ်ပိုင်သီးခြားလွတ
ရပါသည်။ အင်ဒိုနီးရှားကြည်းတပ် အထူးတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်(Kopassus)မှ တပ်ဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ရှန်တုံပြည်နယ် ကျီနန်းမြို့တွင် ဇူလိုင်လအစောပိုင်းက တရုတ်အထူးတပ်ဖွဲ့များနှင့်အတူ ဒုတိယအကြိမ်မြောက် Sharp Knife ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားလေတပ်မှ လေယာဉ်မှူး ၁ဝ ဦးအား တရုတ်နိုင်ငံတွင် Sukhoi တိုက်လေယာဉ် သဏ္ဌာန်တူအသုံးပြုလေ့ကျင့်ပေးရန် ကမ်းလှမ်းထားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ၂ဝ၁ဝ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ကာကွယ်ရေးလက်နက်စနစ်များ အဆင့်မြှင့် တင်ရန်အတွက် ရူပီး ၁၅ဝ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၈ ဘီလီယံ)ခွင့်ပြုပေးခဲ့ကြောင်းနှ င့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ် ရေးနှင့် ပတ်သက်၍ ဂျက်တိုက်လေယာဉ်များနှင့် ရေငုပ်သင်္ဘောများ တည်ဆောက်ရန် တောင်ကိုရီးယား နိုင်ငံနှင့်လည်းကောင်း၊ ဖရီးဂိတ်စစ်သင်္ဘောများတည်ဆောက်ရန် နယ်သာလန် နိုင်ငံနှင့်လည်းကောင်း၊ အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်များ တည်ဆောက်ရန် စပိန်နိုင်ငံနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment