Friday, August 10, 2012

ငွေချေးလို့ရပြီ


အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသော အဖွဲ့အစည်းများအနေဖြင့် အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနေပြည်တော်နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း အထက်ပါကော်မတီက သြဂုတ် ၁၀ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ကြေညာထားသည်။ အသေးစားငွေရေးကြေးရေး ကြီးကြပ်မှုကော်မတီ၏ ဖုန်းနံပါတ်များမှာ ၀၆၇-၄၁၀၀၄၈၊ ၄၁၀၁၉၀၊ ၄၁၀၂၅၄ တို့ဖြစ်သည်။ လက်ရှိတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိထားသော အဖွဲ့အစည်းများမှာ INGO အဖွဲ့ငါးဖွဲ့၊ NGO ရှစ်ဖွဲ့၊ သမ၀ါယမ ၄၁ဖွဲ့၊ ကုမ္ပဏီ၂၃ဖွဲ့ စုစုပေါင်း ၇၇ဖွဲ့ရှိသည်။

No comments:

Post a Comment