Friday, August 10, 2012

ဒီနေ့လွှတ်တော်


သြဂုတ်လ ၁၀ ရက်နေ့ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာပဲ ဟင်္သာတမြို့နယ် ကိုယ်စားလှယ် ဦးဌေးတင်သွင်းတဲ့ ရွေ့ပြောင်းမြန်မာလုပ်သား Migrant Workers တွေအတွက် ဘ၀အာမခံချက် လုံခြုံမှု ရရှိရေးအတွက် Migration Policy ချမှတ်ဆောင်ရွက်ပေးဖို့ အဆိုကို အပြီးသတ် ဆွေးနွေးမှု တွေပြုလုပ်နေပါတယ်။ ဒီအဆိုကိုဆွေးနွေးဖို့ ကျန်နေတဲ့ တောင်ဥက္ကလာပ မဲဆန္ဒနယ်က ဦးအောင်သိန်းလင်း၊ ကံမ မဲဆန္ဒနယ်က ဦးပိုက်ထွေးနဲ့ သာပေါင်း မဲဆန္ဒနယ်က ဦးဝင်းသန်းတို့ ဆွေးနွေးနေ တာလဲဖြစ်ပါတယ်။ ဒီအဆိုကို စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၂ ယောက်က ဆွေးနွေးနေတာပါ။ အဲ့ဒီနောက်မှာတော့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တဦးဦးက ဆွေးနွေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာလဲဖြစ်ပါတယ်။

No comments:

Post a Comment