Friday, August 10, 2012

စာနယ်ဇင်းကောင်စီဖွဲ့စည်း

အစိုးရက မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်း ကောင်စီ ကို ဖွဲ့စည်းလိုက်ကြောင်း သြဂုတ်လ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကောင်စီရဲ့ ဥက္ကဌအဖြစ် ဦးခင်မောင်အေး တရားရုံးချုပ် တရားသူကြီး (ငြိမ်း)၊ ဒု ဥက္ကဌ ၁ အဖြစ် ဒါက်တာအောင်ထွန်းသက်၊ ဒုဥက္ကဌ ၂ အဖြစ် ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ) နဲ့ အတွင်းရေးမှူးအဖြစ် ဦးကိုကို (စက်မှုတက္ကသိုလ်) တို့က ဆောင်ရွက်ကြမှာလဲဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာမျိုးသန့်တင်၊ ဆရာမောင်ဝံသ၊ ဦးသီဟစော၊ ဦးအောင်လှထွန်းစတဲ့ ပညာရှင်တွေအပါအ၀င် အဖွဲ့ဝင် ၂၀ လောက်နဲ့ ဖွဲ့စည်းလိုက်တာလဲဖြစ်ပါတယ်။ ဒီကောင်စီကနေ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနဲ့ အညီ ထိန်းသိမ်း စောင့်ရှောက်ရန်၊ စာနယ်ဇင်း နယ်ပယ်ရဲ့ အရည်အသွေး အဆင့်အတန်း မြင့်မားတိုးတက်ရန် စသည့် တာဝန် ၀တ္တရား ၈ ချက်နှင့် လုပ်ပိုင်ခွင့် ၁၁ ချက် ပါဝင်တဲ့ အဓိက အချက် ၁၁ ချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေါ်မှူး ဦးတင်မျိုးကြည်က လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တာလဲဖြစ်ပါတယ်။

No comments:

Post a Comment