Friday, August 10, 2012

ပက်ပ်စီ သောက်ရတော့မယ်ပေါ့



ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းကြီး တစ်ခုဖြစ်သော ပက်ပ်စီ ကုမ္ပဏီက ၄င်းတို့၏ ထုတ်ကုန် ပစ္စည်းများ မြန်မာနိုင်ငံတွင် ဖြန့်ချိရန် ဒိုင်းမွန်း စတား ကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သတင်း ထုတ်ပြန်ထားသည်။
သဘောတူညီချက်အရ ဒိုင်းမွန်းစတား ကုမ္ပဏီက ပက်ပ်စီ ကုမ္ပဏီမှ ထုတ်လုပ်သော Pepsi-Cola, 7-Up နှင့် Mirinda တို့အား မြန်မာနိုင်ငံသို့ တင်သွင်း၊ ရောင်းချဖြန့်ဖြူးခွင့် ရမည်ဖြစ်သည်။
ထို့အတူ ပက်ပ်စီ ကုမ္ပဏီက မြန်မာနိုင်ငံ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံရန် စီစဉ်ထားပြီး အသက်မွေးဝမ်းကြောင်း သင်တန်းများကို ဖွင့်လှစ်သွားရန် UNESCO နှင့် နားလည်မှု စာချွန်လွှာ (MoU)ရေးထိုးခဲ့သည်။

No comments:

Post a Comment