Monday, August 13, 2012

ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ ဝိုင်းစုခိုင်သိန်း



ဝိုင်းစုခိုင်သိန်းက သြဂုတ်လ ၉ရက်နေ့က နေအိမ်မှာ ဘုန်းကြီး ငါးပါးပင့်ကာ အရုဏ် ဆွမ်းကပ်ခဲ့ပြီး ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပါတယ်။ ဝါတွင်းကာလဖြစ်တဲ့အတွက် ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ လူတွေကို ဖိတ်ကြားခဲ့ပါတယ်။ တတ်နိုင်သလောက် အလှူ တွေ လုပ်တာ ဖြစ်ကြောင်းပြောတဲ့ ဝိုင်းစုခိုင်သိန်း က “ဝိုင်းစုက ဘုန်းကြီး ဆွမ်းကပ်နေကျပါပဲ။ ဟိုတစ်ခါတုန်းကတော့ ပဋ္ဌာန်းစာအုပ်ရော၊ခင်ပွန်းကြီး ဆယ်ပါးတို့၊ ဂုဏ်တော် ကွန်ချာတွေပါတဲ့ စာအုပ်ထုတ်ပြီးတွေ့တဲ့ လူတိုင်းကိုလည်း လှူဖြစ်ပါ တယ်”လို့ ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ဘုရားတရားကိုလည်း ပုံမှန်အမြဲတမ်း လုပ်ဖြစ်ပြီး အရေးကြီးတဲ့ အလုပ်ကိစ္စတွေရှိရင် အဓိဋ္ဌာန်ဝင်တတ် ကာ အလို ဆန္ဒတွေ ပြည့် တတ်ကြောင်း ပြောပါ တယ်။ “ဝိုင်းစုက ဗုဒ္ဓ ဘာသာလည်းဖြစ်တော့ ဗုဒ္ဓ ဘာသာရဲ့ တရားတော်တွေ ကိုလည်း ယုံကြည်တယ် ။ သေသေ ချာချာ လေး လုပ်ဖြစ် တယ်။ အဓိဋ္ဌာန်နဲ့လုပ်ဖြစ် တာ ပိုများတယ်။ အဓိဋ္ဌာန် နဲ့လုပ်ရင် များသောအားဖြင့် ပြည့်တာများတယ်။ ကိုးနဝင်း ကတော့ တစ်ခေါက်ပြီး သွားတိုင်း တစ်ခေါက် စိတ်တယ်။ ပဋ္ဌာန်းဆိုရင်လည်း တစ်လ ဆိုတစ်လ အဓိဋ္ဌာန်ဝင် ဖြစ်တယ်။ အဓိဋ္ဌာန်လုပ်လိုက် တော့ ကိုယ်နဲ့ဘုရား တရားနဲ့လည်း မပြတ်ဘူးပေါ့ ” လို့ ပြောပါတယ်။ ဝိုင်းစု ခိုင်သိန်းက လတ်တလောမှာ ဗီဒီယို ဇာတ်ကားတွေ ရိုက်ဖို့ရှိသလို “မျက်လှည့်” သီချင်း တစ်ပုဒ်ကျန် နေတာနဲ့ ရိုက်ဖို့အတွက် လိုကေးရှင်း ရှာနေပြီး မျက်လှည့် သီချင်းထဲမှာ ဆပ်ကပ်အဖွဲ့တွေ လည်းပါမှာဖြစ်တဲ့အတွက် ရက်ညှိနေ ရကြောင်း၊ ဗီစီဒီကို စက်တင်ဘာလ အကုန်မှာ ထွက်နိုင်ဖို့ စီစဉ်နေပြီး စက်တင်ဘာ ထဲမှာပဲ စင်ကာပူကို ဖျော်ဖြေ ရေးသွားမှာဖြစ်ကြောင်း သိရပါတယ်။


No comments:

Post a Comment