Monday, August 13, 2012

လာဘ်ပေး လာဘ်ယူ ပပျောက်ရေး အပါအ၀င် ဥပဒေကြမ်းသုံးခု ပြည်သူ့လွှတ်တော် ထံပေးပို့


ရန်ကုန်၊ သြဂုတ် ၁၃


အမျိုးသား လွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းအပါအ၀င် ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များ လေ့လာ နိုင်ရန် ပြည်သူ့
လွှတ်တော်သို့ ပေးပို့ ဖြန့်ဝေ ထားကြောင်း ပြည်သူ့ လွှတ်တော်၏
တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။

အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီးသော `နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း၊ `ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို သြဂုတ်လ ၈ ရက်နေ့တွင် လည်းကောင်း၊ `လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို သြဂုတ်လ ၃ ရက်
နေ့တွင် လည်းကောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်ထံ
ပေးပို့ထားခြင်း ဖြစ်သည်။

No comments:

Post a Comment