Monday, August 13, 2012

အင်ဒိုနီးရှားသမ္မတနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ H.E. Mr. Jusuf Kalla ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့ ရခိုင်ပြည်နယ်သို့သွားရောက်လေ့လာ




နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးသည် အင်ဒိုနီးရှား သမ္မတနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ H.E. Mr. Jusuf Kalla ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား လေ့လာရန်နှင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများပေးအပ်ရန်အတွက် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်မှ မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ စစ်တွေလေဆိပ်သို့ နံနက် ၈ နာရီခွဲ တွင်ရောက်ရှိကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ခင်းကျင်းပြသထားသော ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆူပူလှုပ်ရှားမှုများ၊ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုမှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှု လေ့လာကြပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသည်။

No comments:

Post a Comment