Monday, August 13, 2012

လန်ဒန်၌ အမျိုးသမီး ၂ ဦး အပေါ်ပိုင်းဗလာဖြင့် အစ္စလာမ်မစ် အစွန်းရောက်များအား ကန့်ကွက်ဆန္ဒပြ



အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနှင့် အာဏာရှင်များအား ဆန့်ကျင်ရှုတ်ချသည့် အနေဖြင့် လန်ဒန်၌ အပေါ်ပိုင်းဗလာဖြင့် ကန့်ကွက်ဆန္ဒပြခဲ့သည် ယူကရိန်းနိုင်ငံမှ အမျိုးသမီး ၂ ဦးအနက် ၁ ဦးအား လန်ဒန်ရဲမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ကို တွေ့ရမည်ဖြစ်သည်။ သူမတို့ ၂ ဦးသည် အဆိုပါ အစ္စလာမ်မစ် အစွန်းရောက်နိုင်ငံ များနှင့် အာဏာရှင်များသည် အမျိုးသမီးများ၏ အခွင့်အရေးများ အား လျစ်လျူရှုပြီး ချိုးနှိမ်နေသည်ကို မကျေနပ်၍ ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ သူမတို့သည် "အရှက်မရှိ လန်ဒန်အိုလံပစ် (Olympic Shame)" "အစ္စလာမ်ဘာသာရေး ဥပဒေများ ပယ်ဖျက်ပေး (No Sharia)" ဟူသော စာတမ်းများအား ယင်းတို့၏ ကိုယ်ပေါ်၌ ရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments:

Post a Comment