Monday, August 13, 2012

ဘယ်လိုဖြစ်ရတာတုန်း?



 





မန်မာသမိုင်းတွင် ထင်ရှားသော ဘုရား၊ စေတီများ အပါအ၀င် ဘုရားစေတီ ၁၀၀ကျော် တည်ရှိရာ မုံရွာအနီး ဖိုလ်ဝင်တောင်တွင် ဩဂုတ်လ ၁၁ ရက်နေ့ နေ့လည် (၁၁း၀၀) ခန့်က ပြင်သစ် ဧည့်လမ်းညွှန် အမျိုးသမီး တစ်ဦးမှ ဦးဆောင်လာသော ပြင်သစ် ဧည့်သည် (၁၀) ဦးထဲမှ အမျိုးသမီး တစ်ဦးဟာ ဖိုလ်ဝင်တောင်၊ ဝင်္ကဘာ လိုဏ်ဂူရဲ့ အပေါ် အဆင့်မှာ ရှိတဲ့ ရန်ကုန် လိုဏ်ဂူ အတွင်းမှာ မစင်စွန့်ခဲ့ ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန် များအသင်း၊ မန္တလေး မှ သတင်း ထုတ်ပြန်သည်။ 

အနီးအနားရှိ မျောက်စာ ရောင်းသူများမှ အိမ်သာရှိရာ ညွှန်ပြခဲ့ ပါသော်လည်း မရခဲ့ကြောင်း မှတ်တမ်းတင် ဓာတ်ပုံများ နှင့်တကွဇုံ သို့ သတင်းပေးပို့ကြောင်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

No comments:

Post a Comment