Monday, August 13, 2012

ယနေ့ (သြဂုတ်လ ၁၃ ရက်နေ့)တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အောက်ပါ အစီအစဉ်များကို ထည့်သွင်းဆွေးနွေးကြမည်


 
(၁) ကျေးလက်တောရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ဆရာ၊ ဆရာမများ လက်တွေ့ခံစားနေရသည့် အခက်အခဲများကို ကူညီ ဖြေရှင်းပေး မည့် အစီအစဉ်ကို သိရှိလိုခြင်းနှင့် ပတ်သက်သည့် မေးခွန်း။
(၂) အင်္ဂလိပ်စာ ဘာသာရပ် အရည်အသွေးမြင့်တင်ရေးအတွက် ကျွမ်းကျင်သော နိုင်ငံခြား ပါမောက္ခများ အချိန်ပိုင်း ငှားရမ်းသင်ကြား
လေ့ကျင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း။

(၃) အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီက ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားတင်သွင်းခြင်း။

(၄) အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းခြင်း။

(၅) အုပ်ချုပ်ရေးပိုင်း၌ တာဝန်ယူရသော ရပ်ကွက် ကျေးရွာအုပ်စု စာရေး
ဝန်ထမ်းများ တစ်နေရာတည်းတွင် သုံးနှစ်ထက်မပိုစေဘဲ ပြောင်းရွှေ့တာဝန် ချထားပေးပါရန် အဆိုအား လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက
ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်း။

(၆) မြန်မာနိုင်ငံသားများ ဥပဒေကို အသစ်ရေးဆွဲ ပြဌာန်းပြီး လက်ရှိ
မြန်မာနိုင်ငံသား ဥပဒေ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် 
၎ အား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းခြင်း။

(၇) ရခိုင်ပြည်နယ်၌ ၂၀၁၂ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ဆူပူ
အကြမ်းဖက်မှုများကဲ့သို့ အကြမ်းဖက်မှုများ မလိုလားအပ်သည့် ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးနှင့် နယ်စပ်ဒေသများမှ တရားမ၀င် ၀င်ရောက်သူများ မရှိစေရေး၊ တရားမ၀င် ၀င်ရောက်သူများကို ရှာဖွေဖော်ထုတ်၍ တည်ဆဲ
ဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူရေးနှင့် ဒေသခံပြည်သူများ လုံခြုံစိတ်ချအေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လိုအပ်သည့် အစီအမံများကို နှစ်ကာလ အချိန်အခါနှင့် ကိုက်ညီသည့် အစီအမံများ တိကျစွာ ရေးဆွဲပြဌာန်း၍ ထိရောက်စွာ အကောင်အထည်ဖော်
ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို
တင်သွင်းခြင်း။

No comments:

Post a Comment