Monday, August 13, 2012

တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်အောင် ဖော်ဆောင်မည်ဟု Golden Generations မှ ပြောကြား။




လူထုကြားကနေပြီးတော့ တိုင်းပြည် ဖွံ့ ဖြိုးတိုးတက် ရေးကို ဖော်ဆောင်မည် ဟု Golden Generations မှ တာဝန်ရှိသူတစ်ဦးက Afijournal ၏မေးမြန်း ချက်ကို ယခုလိုပြောကြားခဲ့ပါသည်။
" ကျွန်တော် တို့ က အစိုးရဆီက တောင်းဆိုမှုတွေ မလုပ်ဘူး၊ ကျွန်တော် တို့ တတ်နိုင်သမျှ ပြည်သူတွေနဲ့ အတူပူးပေါင်းပြီးလုပ်ကိုင်သွားမယ်၊ နိုင်ငံ ရေးနဲ့ လူမှုရေးဆိုတာကလည်း ကျောချင်းကပ်နေတဲ့ ဒင်္ဂါးပြားတစ်ခုလိုပါပဲ ဟု ၄င်းကပြောသည်။
Golden Generations GG ( Socail Network ) သည် ၂၀၁၂ ဖေဖေါ်ဝါရီ ၆ ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဘွဲ့ ရပြီး လုပ်ငန်းအတွေ့ အကြုံ နည်းပါးသူများအား အလုပ်အကိုင် အခွင့်အလမ်းဆိုင် ရာသင်တန်းများအခမဲ့တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Golden Generations GG ( Socail Network )မှ English, Japan ဘာသာ စကားပြော သင်တန်းများ၊ NGO အကြောင်း သိကောင်းစရာသင်တန်း၊
ခေါင်းဆောင်မှုနှင့်စီမံခန့် ခွဲမှုဘာသာရပ်၊ ဂစ်တာနှင့် ပန်းချီရေးဆွဲနည်း သင်တန်းများ၊ တက္ကသိုလ်ဝင်တန်း သင်တန်းများကို အခမဲ့သင်ကြားပေးသွား မည်ဖြစ်သည်ဟုသိရသည်။
အသေးစိတ်သိရှိလိုပါက အမှတ် ( ၁၆၁ )၊ ငှက်တော်လမ်း၊ ၁၄/၂ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်ဖြစ်ပါတယ်။ Ph no. ၀၉၄၂၀၁၁၄၀၅၂၊ ၀၉၄၃၁၇၃၉၃၄၊ ၀၁၅၂၄၁၃၇၁ ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

SM

No comments:

Post a Comment