Monday, August 13, 2012

အမေရိကန်နိုင်ငံတွင် တရားလက်လွတ်အကြမ်းဖက်မှုများ ရပ်တန့်ရေးဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အိုဘားမားက ပြောကြားလိုက်ခြင်း





အမေရိကန် နိုင်ငံတစ်ဝန်း တရားလက်လွတ် အကြမ်းဖက်မှု များရပ်တန့်ရန်နှင့် အမေရိကန် ပြည်သူများ အနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအပေါ် အာရုံစူးစိုက်ဆောင ရွက်ကြရန် တိုက်တွန်းကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက သြဂုတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အသိမဲ့အ ကြမ်းဖက်ဆောင်ရွက်မှု များကို မိမိတို့အနေ ဖြင့်တားဆီးရပ်တန့် စေရမည်ဖြစ်ကြောင်း၊ အော်ရိုရာ၊ အုတ်ခရိစ်၊ တက်ဆန်မြို့များတွင်သာမက အမေရိကန် တဝန်းရှိမြို့များတွင် အကြမ်းဖက်မှု များပေါ်ပေါက်ခဲ့ပြီး အသက်ပေါင်းများ စွာဆုံးရှုံးခဲ့ရ သည့်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် သြဂုတ်လ ၈ ရက်နေ့တွင် ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့တွင် မဲဆွယ်စည်းရုံးစဉ် အိုဘားမားက ပြောကြားခဲ့ ခြင်းဖြစ်ပါသည်။ မကြာသေးမီက ကော်လိုရာဒို ပြည်နယ်ရှိ ရုပ်ရှင်ရုံတစ်ခုတွင် ပစ်ခတ်မှု၊ ဝစ်ကိုဆင် ပြည်နယ်ရှိ ရှိတ်ခ်ဘုရားရှိခိုး ကျောင်းတွင်ပစ်ခတ်မှု၊ ၂ဝ၁၁ ခုနှစ်အတွင်းက အရီဇိုးနားပြည်နယ်၌ အမျိုးသမီး လွှတ်တော်အ မတ်ဟောင်း ဂါ
ဘရီလီဂစ်ဖော့နှင့် အခြားသူများ အားပစ်ခတ်မှုတို့ကို ရည်ညွှန်းကိုးကား၍ အိုဘားမား က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဇူလိုင်လအတွင်းက ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ ရှိရုပ်ရှင်ရုံ၌ ပစ်ခတ်မှုတွင် လူ ၁၂ ဦး သေဆုံးပြီး ၅၈ ဦးဒဏ်ရာ ရရှိခဲ့ပါသည်။ သြဂုတ်လ ၅ ရက်နေ့တွင်လည်း ဝစ်ကိုဆင်ပြည်နယ် အုတ်ခရိစ်မြို့ရှိ ရှိတ်ခ်ဘုရားရှိခိုး ကျောင်း၌ပစ်ခတ်မှုတွင် လူ ၆ ဦး သေဆုံးခဲ့ပါသည်။ သို့သော် အိုဘားမားသည် ၄င်း၏မဲဆွယ် စည်းရုံးရေး မိန့်ခွန်းတွင် နိုင်ငံတစ်ဝန်း လက်နက်ထိန်း ချုပ်ရေးဥပဒေ ပြဌာန်းရေး နှင့်ပတ်သက်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းမရှိပေ။ သမ္မတအနေဖြင့် လက်နက်ထိန်းချုပ် မှုဥပဒေအား အတင်းအကြပ် တွန်းအားပေး ဆောင်ရွက် မည်မဟုတ်သော်လည်း ၄င်းပြဿနာအား ပုံသေကားချပ် သတ်မှတ်မထား သောနည်းလမ်းများဖြင့် ကိုင်တွယ်ရမည် ဟုအကြံပြုခဲ့ကြောင်း အိမ်ဖြူတော် မှအရာရှိများက ပြောကြားခဲ့ပါသည်။ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၆ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အမေရိကန် သမ္မတရွေး ကောက်ပွဲတွင် ပြိုင်ဘက်ရီ ပတ်ဘလစ်ကန် သမ္မတလောင်း မစ်ရွန်နေးအား အနိုင်ရရှိရေးအတွက် လက်နက်ပိုင်ဆိုင် မှုပြဿနာသည် အထူးအရေးကြီးသော ထိလွယ်ရှလွယ် အရေးကိစ္စဖြစ် နေသည်ဟု ယုံကြည်လျက်ရှိပါသည်။


No comments:

Post a Comment