Monday, August 13, 2012

Day News ဂျာနယ်သတင်းထောက်ကို မမှန်သတင်း ရေးသားသည်ဟု ဆိုကာ သတင်းစာမှ တစ်ဆင့် ဆင့်ခေါ်



ရန်ကုန် ဩဂုတ် ၁၃




မြန်မာနိုင်ငံတွင်း ထုတ်ဝေသည့် ၇ ရက် သတင်းဂျာနယ်ပါ ကျေးရွာ 'လျှပ်စစ် မီးလင်းရေး လေးနှစ်ကြာသော်လည်း မီးမရဘဲ မီတာ လျှောက်ထားသူများ အကြွေးတင်' သတင်းပါ အချက်အလက်များသည် သက်ဆိုင်ရာ ကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီနှင့်

 
တာဝန်ယူဆောင်ရွက်နေသော ကုမ္မဏီ သို့လာရောက် မေးမြန်းခြင်းမရှိဘဲ လွဲမှားစွာရေးသားသည်ဟုဆိုကာ ၇ ရက် သတင်းဂျာနယ် မုံရွာမြို့မှ သတင်းထောက် ရန်နိုင်ကျော် ကို လာရောက် တွေ့
ဆုံရန် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင
့် ယနေ့ ဆင့်ခေါ်လိုက် ကြောင်း ကာယကံရှင် က ပြောကြားသည်။

မီးလင်းရေးကို တာဝန်ယူ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးမြန်မာ အင်ဂျင်နီယာ (စီမံ) မှ ညွန်ကြားချက်အရ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ် သည်ဟု ယင်းစာတွင် ဖော်ပြပြီး သတင်းထောက်ကို ၂ ပတ်အတွင်း လာရောက်
တွေဆုံရန်နှင့် မလာရောက်ပါက ကုမ္မဏီ ဂုဏ်သိက္ခာ ကျဆင်းမှုမျိုး
ဖြစ်ပေါ်စေသည့်အတွက် တရားစွဲဆိုသွားမည်ဟုလည်းပါရှိသည

်။

ကာယကံရှင် သတင်းထောက် ရန်နိုင်ကျော်က ယင်းသတင်းနှင့်ပတ်သက်၍ သတင်းအတည်ပြုချက် သွားရောက်ယူစဉ် ကုမ္မဏီရုံးခန်းမှာ ပိတ်ထား
ကြောင်းနှင့် ရှေနေ နှင့် တိုင်ပင် ကာ ၇ ရက် သတင်းဂျာနယ် သတင်း အယ်ဒီတာအဖွဲမှ တစ်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြော
င်းလည်းပြောကြား သည်။

ယင်း သတင်းထောက်သည် ခေတ္တကန် ကျေးရွာ မီးလင်းရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးနှင့်၎င်း မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခန့်မှန်းချက်များကို ၎င်းသတင်းတွင် မေးမြန်းရေးသားထားပြီး ဇွန်လ ၁၄ ရက်နေ့ ကဖြန့်ချိခဲ့သည့် ၇ ရက် သတင်းဂျာနယ် Vol 11 No 14 တွင် ဖော်ပြ
ထားခြင်းဖြစ်သည။်

အဆိုပါရွာတွင် မီတာတစ်လုံး ရရှိရန်အတွက် ကျေးရွာသားများ ကျပ် ၆ သိန်း
ပေးသွင်းခဲ့ရပြီး အချို့မှာ လယ်ယာများပေါင်၍ အကြေပေးသွင်းထား ကြရကြောင်း၊ အကြွေးကြောင့် လယ်ယာမြေ ဆုံးနိုင်သည့် အခြေနေရောက်
နေကြောင်း ဒေသခံများကို ကိုးကား၍ သတင်းရေးသားထားသည်ကို 
တွေ့ရသည်။

ခေတ္တကန် ကျေးရွာသည် မုံရွာမြို့ အနီး ၅မိုင်ခန့် အကွာ လက်ရှိ ကမ္ဘာ့
အမြင့်ဆုံး အမြင့် ၁၃၀ မီတာရှိ ဗောဓိတထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး အနီးတွင် တည်ရှိသော ကျေးရွာဖြစ်သည်။

No comments:

Post a Comment