Monday, August 13, 2012

မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးတဲ့ ရိုးရာလက်ဝှေ့ပွဲ



အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ ချုပ်မှကြီးမှူးတဲ့ မြန်မာ့ရိုးရာလက်ဝှေ့  စိန်ခေါ်ပွဲကြီးကို သြဂုတ်လ ၁၂ရက် က သိမ်ဖြူအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်
အဆိုပါ စိန်ခေါ်ပွဲကြီးတွင် မျိုးဆက်သစ်(၃)ချီပွဲ ၊အထူး(၄)ချီ စိန်ခေါ် ပွဲ၊ အထူး(၃)ချီ စိန်ခေါ်ပွဲနှင့် အထူး(၅)ချီ စိန်ခေါ်ပွဲများဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြကာ မျိုးဆက်သစ် (၃)ချီပွဲတွင် ဖြိုးဝေ(အဖြူရောင်သွေးသစ်) နှင့် ခင်ဝင်း(၀ါဆို) တို့ ယှဉ်ပြိုင်ရာတွင် သရေကျခဲ့ကြောင်း၊ အထူး(၄)ချီ စိန်ခေါ်ပွဲတွင် အဖွဲ့ (၅)ဖွဲ့ ယှဉ်ပြိုင်ခဲ့ရာ စောအယ်လင်း(ရွှေခါးပတ်ချန်ပီယံ)နှင့်ရန်တိုင်းကျော်(၀ါဆို)၊ ကြယ်လေး(ရွှေဖူး)နှင့် သိန်းညီညီ(အလင်းရောင်)၊ကြယ်စင်ဖြိုး(အဖြူရောင်သွေးသစ်)နှင့် ၀င်းမောက်(မျိုးဇာနည်)၊ လေးညှို့ ရှင်(သာစည်)နှင့် ရဲတံခွန်(အလင်းရောင်)တို့ အတွဲများ က သရေကျခဲ့ပြီး စောသဲမင်း(မိုးသောက်ကြယ်)နှင့် ကျော်ခေါက်(ဒေါင်းမြန်မာ)တို့ ယှဉ်ပြိုင်ရာတွင် စောသဲမင်း(မိုးသောက်ကြယ်)ကအနိုင်ရခဲ့ကြောင်း၊ အထူး(၃)ချီ စိန်ခေါ်ပွဲတွင် ခွန်ကျော်ဆွေ(သထုံ)နှင့် စောတင်းပုတ်(ခ) Sean(လှိုင်သာယာ) တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ သရေထပ်မံကျခဲ့ပြီး နောက်ဆုံးပွဲဖြစ်တဲ့ အထူး(၅)ချီ စိန်ခေါ်ပွဲ တွင်တော့ ရွှေခါးပတ်ချန်ပီယံ ဒဂုံရွှေအောင်လံဆုရှင် တွေ့ မရှောင်(နဂါးမာန်)နှင့် ရွှေခါးပတ် ချန်ပီယံ ထပ်ဆင့် ဒဂုံရွှေအောင်လံဆုရှင် စိုးလင်းဦး(မျိုးဇာနည်) တို့  ယှဉ်ပြိုင်ကြရာတွင်လည်း သရေကျခဲ့ကြောင်းသိရသည်။ အဆိုပါ လက်ဝှေ့ပွဲအား မည်သည့် ရုပ်သံလိုင်းကို မှ တိုက်ရိုက်၊ နောက်ကျ ထုတ်လွှင့်ခွင့် ခွင့်မပြုထားကြောင်းသိရသည်။ ယင်းကဲ့သို့ ထုတ်လွှင့်ခြင်းမပြုဟု ကြေညာပြီးမှ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment