Monday, August 13, 2012

မွေးနေ့ အလှူလုပ်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ ချစ်သုဝေ

 
 
"မွေးနေ့ အလှူလုပ်ပြီး မိဘမဲ့ ကလေးများနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တဲ့ ချစ်သုဝေ" သြဂုတ်လ ၁ဝရက်နေ့ မွေးနေ့ရှင် ချစ်သုဝေက မွေးနေ့အလှူအဖြစ် Children Our Future လူငယ်ပရဟိတ အဖွဲ့နဲ့အတူ သြဂုတ်လ ၅ရက်နေ့ မနက် ၁ဝနာရီခွဲက သမိုင်းဘူတာရုံ အနီးက မေတ္တာဝါဒီ ဟင်္သာတ ပရဟိတကျောင်းတိုက်မှ သံဃာတော်များနဲ့ မိဘမဲ့ကလေး ၅ဝ၈ဦးကို နေ့လယ်စာကျွေး မွေးခဲ့ပါတယ်။ မွေးနေ့ရက်မှာ ချစ်တဲ့လူတွေနဲ့ ဖြတ်သန်းချင်သလို၊ ရှုတင်လည်း ရှိနေတဲ့အတွက် မွေးနေ့ အကြို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ နေ့ လယ်စာ ကျွေးမွေး ပြီးချိန်မှာတော့ Children Our Future လူငယ် အဖွဲ့နဲ့အတူ ချစ်သုဝေက သီချင်း ဆိုခြင်း၊မျက် လှည့် ပြခြင်း၊ မျက်နှာဆေး ခြယ် ခြင်း၊ပန်းချီဆွဲခြင်း စတဲ့အစီအစဉ်တွေ မှာကလေးများ နဲ့ ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့ပါတယ်။ ကလေးငယ်တွေနဲ့ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတဲ့အတွက် ချစ်သုဝေကသူ့ရဲ့ခံစားချက်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ ထရီဇာပျော်တယ်။ ပီတိ လည်းဖြစ်တယ်။ သူတို့နဲ့ အတူနေရတဲ့ အချိန်ခဏလေးက သူတို့ရဲ့ ဦးနှောက်ထဲမှာရော၊ ရင်ထဲမှာ ရောနွေးထွေးတဲ့ အနွေးဓာတ်ကို ရရှိသွား မှာပဲလို့ မျှော်လင့်တယ်။ ကလေးတွေရဲ့ အပျော်လေးတွေက
ကိုယ့်ဆီကို ကူးစက်သွားတယ်။ လူကြီးတွေအတွက် ဘာမှမဟုတ် တဲ့ အရာ တော်တော်များများက ကလေးတွေအတွက် အတိုင်း အတာ တစ်ခုထိ ပျော်ကြတယ်” လို့ ချစ်သုဝေက ပြောပါတယ်။ ချစ်သု ဝေက Children Our Future အဖွဲ့နဲ့ အရင်တုန်းကလည်း မိဘမဲ့ ကလေးကျောင်း တွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဒီအဖွဲ့ နဲ့ ဆုံစည်းဖြစ်ခဲ့ပုံကိုလည်း ချစ်သုဝေက..”Children Our Future က လူမှုရေး လုပ်ငန်းတွေ လုပ်နေတယ်။ အဲဒီတုန်းက ဘယ်သူမှသိပ် မလုပ်ကြသေးဘူး။ သူတို့ရဲ့လခလေးတွေထဲက တချို့တစ်ဝက်ကို ထည့်တယ်။ ရန်ပုံငွေရှာတယ်။ သူတို့ဘာသာသူတို့ ဆန်အိတ်တွေဝယ်ပြီး သွားလှူကြ တယ်။ ကာတွန်း ဆရာတွေ၊ မျက်လှည့် ဆရာတွေစုပြီး သွားကြတဲ့အဖွဲ့လေးပေါ့။ အဲဒီအဖွဲ့က အနုပညာရှင် အနေနဲ့ ထရီဇာကလည်း လူမှုရေးလုပ်ငန်းတွေ စိတ်ဝင်စားတော့ ပါဝင် ဖြစ် သွားတာပါ ထရီဇာလည်း တစ်ယောက်တည်း သွားနေကျဆို တော့ ဒီလိုအဖွဲ့လေးနဲ့သွားတော့ ပိုပျော်ဖို့ ကောင်းတယ်လေ။ သူတို့ ဘီအမ်ကားကြီး နဲ့ပဲ ပျော်ပျော် ပါးပါး သွား ဖြစ်ကြတယ်။ နောက် ပိုင်းကျတော့ အလုပ်တွေ တအားရှုပ်နေတော့ မသွားဖြစ်တော့ဘူး။ သူတို့ကလည်း ရုံးပိတ် ရက်ဖြစ်တဲ့ ပထမဦးဆုံး တနင်္ဂနွေကို သွားရ တာလေ။ သူတို့နဲ့လစဉ်လတိုင်း အလှူငွေ တော့ထည့်ပေးနေတာပေါ့။ နီးစပ်ရာကနေ အလှူငွေလည်း ရှာပေးဖြစ်တယ်။ ဒီလုပ်ငန်း ကို လုပ်တဲ့ လူတွေအားလုံးက ထရီဇာယုံကြည် ရတဲ့ လူတွေဖြစ်တဲ့ အတွက် တိုက်တွန်းပြီး ရန်ပုံငွေရှာပေးတယ်။ တောက် လျှောက်တော့ မလိုက်ဖြစ်ပေမယ့် မွေးနေ့လ ဆိုရင်တော့ မဖြစ်ဖြစ်အောင် လိုက်တယ်။ မနှစ်ကလည်း လိုက်လှူဖြစ်တယ်။ မနှစ်ကတော့ ပစ္စည်းတွေ ဝယ်တာတွေပိုပြီး စီစဉ်ဖြစ်တယ်။ ဒီနှစ်က တော့ ပိုက်ဆံအားပဲ တတ်နိုင်တော့ ကျွေး ဖို့ပဲ စီစဉ် ပေးလိုက်နိုင်တယ်” လို့ပြောပါတယ်။ ချစ်သုဝေက သြဂုတ်လ ၆ရက်နေ့မှာ တော့ ထိန်စွန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ထောက်ကြန့်)၊ စမ်းမြသီတာ သီလ ရှင် သင်ပညာရေးကျောင်း (မင်္ဂလာဒုံ)၊အေးချမ်းသာ ပရဟိတကျောင်း(တိုက်ကြီး)၊ မြန်မာပြည် ချစ်ခြင်းမေတ္တာ လူငယ်ဖွံ့ဖြိုးရေး(မှော်ဘီ)၊ အမျိုးသမီး ပရဟိတ ကျောင်း (သန်လျင်)၊ အနန္တ မေတ္တာပရိယတ္တိ စာသင်တိုက်(ဒဂုံမြို့သစ် အရှေ့ပိုင်း)၊ အန်နာ ပရဟိတဂေဟာ(ရွှေပြည်သာ)၊ မသန်စွမ်း မိဘမဲ့ ကလေးများ ပြုစု စောင့်ရှောက်ရေး ဂေဟာ(မရမ်းကုန်း)၊ ကုမရာရာမ ပရဟိတ စာသင်ကျောင်းတိုက် (မရမ်းကုန်း) များမှာ စောင်နဲ့ဆန်အိတ် များကိုလည်း လှူဒါန်းခဲ့ပါတယ်။

No comments:

Post a Comment