၁၃ သြဂုတ်လ ၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး အထူးလွှတ်တော်အစည်းအဝေး ၁/၁၂ ကို
ယခုလ ၁၅ ရက်နေ့မှစတင်ကာ ၃ ရက်တာကျင်းပမည်ဖြစ်ပြီး ရေးရာ
ကော်မတီ ၈ ခုနှင့် အမြဲတမ်းကော်မတီ ၃ ခုတို့၏ အစီရင်ခံစာကို ဖတ်ကြား
မည်ဟု လွှတ်တော် ပြန်ကြာျးရးဌာနက ဦးအောင်ဟိန်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် တိုင်းဒေသကြီး ၀န်ကြီးဌာန
များ အပြောင်းအလဲပြုလုပ်စဉ်က အရေးပေါ်အထူးအစည်းအဝေးတစ်ကြိမ်
ပြုလုပ်ခဲ့ပြီး၊ ယခုအထူးအစည်းအဝေးတွင် လယ်ယာမြေကိစ္စများပါ
ဆွေးနွေးရန်ရှိကြောင်းသိရသည်။

No comments:
Post a Comment